Tuesday, October 22, 2013

မြိတ်မြို့ ညောင်ရိပ်သာ ဘုန်းတော်ကြီးကျောင်း ဘုရားမီးပူဇော်ရာမှ မီးလောင်ကျွမ်း



၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့ ညနေ (၄)နာရီ (၅၀) မိနစ် အချိန်ခန့်တွင် မြိတ်မြို့ မြစ်ငယ် ရပ်ကွက် အပိုင် ကန်ကြီးရေကန် နဘေး ဘုရားကြီးလမ်းပေါ်ရှိ ညောင်ရိပ်သာ ဘုန်းတော်ကြီး ကျောင်းတွင် ဘုရားမီးပူဇော်ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာသို့ မြိတ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်များ ၊ ထားဝယ်စု၊ ဆိပ်ငယ်ရပ်၊ အလယ်ကျွန်းရပ်၊ နောက်လယ်ရပ်၊ မြိတ်တောင်ရပ်၊ ကလွင်ကျေးရွာတို့မှ ကိုယ့်အားကိုယ်ကိုး မီးသတ်ယာဉ် (၁၀) စီးနှင့် ရေယာဉ်သယ်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ပြည်သူလူထုများ ၀ိုင်းဝန်း ငြိမ်းသတ်မှုကြောင့် (၅)နာရီ (၁၀) မိနစ် အချိန်တွင် မီးညွန့်ကျိုးသွားပြီး (၆) နာရီခန့်တွင် မီးလုံးဝ ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရရှိသည်။ 

 

မီးလောင်မှုကြောင့် အုတ်တိုင်၊ ပျဉ်ထောင် ပျဉ်ခင်း သွပ်မိုး နှစ်ထပ် ကျောင်းေ ဆာင် (၃၂ပေ× ၂၄ပေ) မီးလောင် ကျွမ်းခဲ့ပြီး စုစုပေါင်း တန်ဖိုး (၅၇၆၀၀၀ိ/)ကျပ်ခန့် ဆုံးရှုံး သွား ခဲ့သည်။ မီးလောင် မှုကြောင့် သေဆုံး ဒဏ်ရာရရှိသူ မရှိကြောင်း သိရှိရသည်။ မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ မီးအားပေါ့ဆစွာ အသုံးပြုသူ ညောင်ရိပ်သာ ဘုန်းတော်ကြီးကျောင်း ကပ္ပိယ ဦးဖိုးညိုအား မြို့မ ရဲတပ်ဖွဲ့စခန်းမှ (ပ)၅၅၀/၂၀၁၃ ၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

0 comments: