Thursday, October 31, 2013

မြိတ်ခရိုင် အတွင်း လမ်းပန်း ဆက်သွယ်ရေး လုံခြုံချောမွေ့ရေး နှင့် ဒေသဖွံ့ဖြိုးရေး ညှိနှိုင်း အစည်းအဝေး ကျင်းပ

မြိတ်ခရိုင် အတွင်းရှိ လမ်းပန်း ဆက်သွယ်ရေး လုံခြုံ ချောမွေ့ရေး နှင့် ၂၀၁၃- ၂၀၁၄ခု ဘဏ္ဍာနှစ် အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း၊ အခြေခံပညာ ဦးစီးဌာနနှင့် အဆင့်မြင့် ပညာဦးစီးဌာန တို့၏ ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများ သတ်မှတ် စံချိန် စံညွှန်းနှင့်အညီ ဖြစ်စေရေး အတွက် ညှိနှိုင်း အစည်းအဝေး ကို အောက်တိုဘာလ (၃၀)ရက် နံနက်(၁၀)နာရီတွင် မြိတ်ခရိုင် ကျွန်းရတနာ ခန်းမတွင် ကျင်းပသည်။



ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက ၂၀၁၃- ၂၀၁၄ခု ဘဏ္ဍာနှစ် အတွင်း ဒေသဖွံ့ဖြိုး ရေး လုပ်ငန်းများတွင် တင်ဒါအောင်မြင်ခဲ့ကြသော ကုမ္ပဏီ လုပ်ငန်းရှင်များအား သတ်မှတ် စံချိန် စံညွှန်းနှင့် အညီ အရည်အသွေး ပြည့်မီအောင် ဆောင်ရွက် ပေးကြရန်နှင့် လမ်းပန်း ဆက်သွယ်ရေး လုံခြုံချော မွေ့ရေး နှင့် ကောင်းမွန်ရေး တို့ကို ရှင်းလင်းပြောကြား ခဲ့သည်။

ထိုနောက် မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်က လမ်းပိုင်းဆိုင်ရာ လုံခြုံ ချောမွေ့ရေး အကြောင်းကို လည်းကောင်း၊ လေယာဉ်ကွင်း စီမံကိန်း အထူးအဖွဲ့(၆)မှ ဒု-အင်ဂျင်နီယာမှူးကြီး ဦးကျော်မင်းအေး က ဆောင်ရွက် လျက်ရှိသော လမ်းနှင့် ရေပြွန်လုပ်ငန်းများကို လည်းကောင်း၊ တံတား စီမံကိန်း အထူးအဖွဲ့(၆)မှ ဒု-အင်ဂျင်နီယာမှူးကြီး ဦးဝင်းမြင့်က တည်ဆောက်လျက် ရှိသော တံတားလုပ်ငန်းများကို လည်းကောင်း၊ ခရိုင် အင်ဂျင်နီယာမှူးကြီး ဦးကျော်သောင်းတင် က လမ်းများ ကောင်းမွန်ရေးနှင့် လမ်းတံတား ထိန်းသိမ်းရေး ကို လည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးကြ သည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး များက တင်ဒါအောင်မြင်၍ လုပ်ငန်း များ ဆောင်ရွက်မည့် လုပ်ငန်း ရှင်များ လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုများကို မှတ်တမ်းများ တင်ပြနိုင်ရေး ဆောင်ရွက်ကြရန် ဆွေးနွေး ခဲ့ကြပြီး တက်ရောက် လာကြ သူများက သိလို သည်များ မေးမြန်း ဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြကြောင်း သတင်း ရရှိသည်။

0 comments: