Monday, October 21, 2013

မြိတ်မြို့နယ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆွေးနွေးပွဲ ပြုလုပ်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြိတ်မြို့နယ်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟောပြောပွဲ ဆွေးနွေးပွဲအား ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့ (ကြာသပတေးနေ့ ) နေ့လည် (၁၂) နာရီ အချိန် မြိတ်မြို့ ကလွင် ကျေးရွာအုပ်စု တောရအောက်ကျောင်းတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

  ထိုဆွေးနွေးပွဲတွင် တရားလွှတ်တော် ရှေ့နေ ဦးမောင်ဖေတင်မှ  ဖွဲ့စည်းပုံအခြေခံ ဥပဒေကသာ ပြည်သူ လူထုကို အာဏာ အပ်နှင်းနိုင်မည် ဖြစ်သောကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ဘာလဲ၊ အဘယ့်ကြောင့် အရေးကြီးသလဲ ဆိုသည်ကို ဆွေးနွေးခြင်း၊ ထိုကဲ့သို့ ဆွေးနွေးရင်း ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင်လိုသည် (သို့မဟုတ်) အသစ် ရေးဆွဲစေ လိုသည် ဆိုသည့် ပြည်သူလူထု အသံအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကြားနာရန် ဖြစ်သောကြောင့် ပါတီဝင်များနှင့် စိတ်ပါဝင် စားသော ပြည်သူ လူထု မည်သူမဆို တက်ရောက်နိုင်ကြောင်း သတင်းရရှိသည်။

0 comments: