Thursday, October 24, 2013

မြိတ်မြို့ ဗိုလ်ချုပ်ကြေးရုပ်ကို သာသနာ့ အလံ ဘယ်သူပေးကိုင်လဲ



မြိတ်မြို့ မြို့လယ်ခေါင်ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်၏ ဗိုလ်ချုပ်လက်ထဲတွင် သာသနာ့အလံ တစ်ခု ရောက်ရှိနေသည်ကို ယနေ့ (၂၃) ရက်နေ့ မနက်ပိုင်းတွင် (ပုံပါအတိုင်း ) တွေ့မြင်ခဲ့ရာ နံနက် (၉) နာရီ အချိန်ခန့်တွင် ရဲတပ်ဖွဲ့ဝင်များမှ လာရောက် ဖြှုတ်သိမ်းသွား ခဲ့သည်။ 



ဗိုလ်ချုပ်ကြေးရုပ်သည် မြိတ်မြို့ ကန်ဖျားရပ်၊ မြစ်ငယ်ရပ်၊ ကန်ခေါင်းရပ်ကွက် သုံးခု ဆုံရာ မြို့လယ်ခေါင် လမ်းဆုံတွင် ရှိပြီး လူ၊ ကား ၊ ဆိုင်ကယ် အသွားအလာ အများဆုံး ကန်ဖျားလမ်းမကြီးပေါ်တွင် တည်ရှိသော်လည်း ထိုဗိုလ်ချုပ် ကြေးရုပ်တွင် ထွန်းညှိထားသော မီးတိုင်မှာ မီးမလာသည်မှာ ကြာမြင့်ပြီ ဖြစ်သည်။

ထိုသို့ သာသနာ့အလံ တပ်ဆင်သူသည် အရူးတစ်ယောက် ဖြစ်နိုင်ကြောင်း ဝေဖန် ပြောဆိုလျက် ရှိပြီး ယခင် ရက်များ ကလည်း ကြေးရုပ် ပေါ်တွင် ပြက္ခဒိန် အဟောင်းများ တင်ထားခြင်း၊ ပုတီးများ ဆွဲပေးခြင်းများ တွေ့ရှိ ရကြောင်း သိရှိရသည်။ 

အဆိုပါ လမ်းဆုံတွင် ယခင်က CCTV များ တပ်ဆင် ထားသော်လည်း ပျက်စီးနေသည်မှ တစ်နှစ်ခန့် ရှိပြီ ဖြစ်ကြောင်း သိရသည်။ ဗိုလ်ချုပ်ကြေးရုပ် ဘေးတွင် မြန်မာ့စီးပွားရေး ဘဏ် အဆောက်အဦးရှိပြီး ဘဏ်တွင် တာဝန်ကျ နေသော ရဲတပ်ဖွဲ့ဝင်များရှိသော်လည်း ထိုဗိုလ်ချုပ်ကြေးရုပ်တွင် သာသနာအလံ မည်သူ စိုက်ထူ ထားသည်ကိုမူ သိရှိခြင်း မရှိပေ။

0 comments: