Thursday, October 31, 2013

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပဲယာရွာတွင် ပထမအကြိမ် စာပေဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ညောင်ဘီးအုပ်စု၊ ပဲယာရွာတွင် (၂၆/ ၂၇-၁၀-၂၀၁၃)နေ့ (၂)ရက် တိုင်တိုင် ပထမအကြိမ် စာပေဟောပြောပွဲအား ပဲယာကျေးရွာ၊ ခရူတောင်ကျောင်းတိုက် ၌ ကျင်းပခဲ့ ပါသည်။ စာရေးဆရာ ဦးမာနိတ (ကျုံကဒတ်) @ ရွှေချော(သံဖြူဇရပ်) နှင့် ခရူတောင်ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဦးဣန္ဒစက္က တို့ ကမကထ ဖိတ်ခေါ်မှုဖြင့် မြိတ်မြို့မှ စာရေးဆရာ များဖြစ်ကြသော ညိုမင်းဟန် (အုတ်ဖို) (စာများများ ဖတ်ကြပါစို့)၊ (ကိုယ့်ဘ၀ သမိုင်းကို အကောင်းဆုံးရေးထိုးနိုင်သူများ ဖြစ်ကြပါစေ) နှင့် ၀င်းမြအောင်(မြိတ်) တို့မှ (ဆယ်ကျော်သက်တို့ လွယ်သော် ခက်ဖို့)၊ (ခေတ်ရေစီးကြောင်း မြောင်းထဲ ကလား) ခေါင်းစဉ်တို့ဖြင့် ဟောပြောခဲ့ကြပါသည်။


အဆိုပါစာပေဟောပြောပွဲသို့ စာပေ၀ါသနာရှင် စုစုပေါင်း (၈၀၀) ကျော်တက်ရောက်နားထောင်ခဲ့ကြပါ သည်။ ၄င်းစာပေဟောပြောပွဲအပြီးတွင် မြိတ်မြို့မှ အလှူရှင်များဖြစ်ကြသော (ဦးသန်းမြင့်)+ဒေါ်ကျင်စိန် မိသားစု တို့မှ ပဲယာကျေးရွာ စာကြည့်တိုက်နှင့် ညောင်ဘီး အ-ထ-က ကျောင်းစာကြည့်တိုက် များသို့ ဂျာနယ်/စာအုပ် ပေါင်းစုံအုပ်ရေ(၆၆) အုပ်အား လှူဒါန်းခဲ့ပါသည်။

ပဲယာကျေးရွာ စာကြည့်တိုက်မှူး ကိုယ်စား ဆရာတော် ဦးဣန္ဒစက္ကနှင့် ညောင်ဘီး အ-ထ-က ကျောင်းအုပ်ကြီး ဦးကျော်စိန်တို့မှ လက်ခံ ရယူခဲ့ကြပြီး ကျေးဇူးတင် စကားများ ပြန်လည်ပြောဆိုခဲ့ကြ ပါသည်။

ညိုမင်းဟန်(အုတ်ဖို)

0 comments: