Wednesday, October 16, 2013

သူငယ်တန်းကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရ၍ သေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့နယ်ခွဲ၊ ပြင်ဘုငယ်ကျေးရွာ၊ အမက (မော်ဖျား)မှ သူငယ်တန်းကျောင်းသူ တစ်ဦး အဓမ္မပြုကျင့် ခံရသဖြင့် သေဆုံးသွားသည်ကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။



ဖြစ်ပွားပုံမှာ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့နယ်ခွဲ၊ ပြင်ဘုငယ်ကျေးရွာ၊ အမက (မော်ဖျား)မှ သူငယ်တန်းကျောင်းသူ မဇာခြည်မိုး၊ အသက် (၅)နှစ် (၈)လ၊ (ဘ) ဦးမောင်ဇော်သည် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့၊ ည (၈း၃၀)အချိန်ခန့်တွင် အဖွားဖြစ်သူ ဒေါ်လင်းကြည် တရားပွဲသို့ တရားနာ သွားနေစဉ် အစ်မဖြစ်သူ မမိမြတ်နိုး၊ အသက် (၈)နှစ်နှင့် အတူ နေအိမ်၌ ညအိပ် ကျန်နေခဲ့သည်။ အဖွားဖြစ်သူ တရားပွဲမှ ပြန်လာစဉ် မဇာခြည်မိုး ပျောက်ဆုံးနေ၍ မေးမြန်းရာ မမိမြတ်နိုးက ပြင်ဘုငယ်ရွာ၊ မော်ဖျား ရပ်ကွက်နေ ထက်ဝင်း (ခ) အ၀င်းမှ အိပ်ယာအတွင်းမှ ပွေ့ချီခေါ်ယူ သွားကြောင်းပြောဆို၍ ရွာသူ/သားများနှင့် အတူ လိုက်လံရှာဖွေရာ ည (၁၂း၀၀)နာရီ အချိန်ခန့် နေအိမ်အနီးရှိ ရေချောင်း ကမ်းစပ်၌ မဇာခြည်မိုးသေဆုံးနေသည် ကို တွေ့ရှိခဲ့ရသည်။

၎င်းနှင့် ပတ်သက်၍ အဖွားဖြစ်သူ ဒေါ်လင်းကြည်၊ အသက် (၅၆)နှစ်၊ (ဘ) ဦးရန်ပြေမှ အောက်တိုဘာလ (၁၅)ရက်နေ့၊ ညနေ (၅း၀၀)နာရီအချိန်ခန့် ပလောက်ရဲစခန်းသို့ လာရောက်တိုင်ကြားရာ စခန်းမှူး ရဲအုပ် အေးမင်းမှ (ပ) ၁၀/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၀၂/၃၇၆ အရ အမှုဖွင့်အရေးယူကာ တရားခံ ထက်ဝင်း (ခ) အ၀င်း၊ အသက် (၂၁)နှစ်၊ (ဘ) ဦးမြင့်သိန်းအား ဖမ်းဆီးစစ်ဆေးခြင်း၊ အလောင်းအား ဆရာဝန်၏ ဆေးစစ်ဆေးချက်ရယူခြင်းများ ပြုလုပ်ထားကြောင်း သိရှိရပါသည်။

0 comments: