Sunday, October 6, 2013

မြန်မာ တိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင် မောင်မယ်များ စခန်းသွင်း လေ့ကျင့်ရေး စခန်းသိမ်းအောင်ပွဲ ကျင်းပ

တနင်္သာရီ တိုင်းဒေသကြီးတွင် အောက်တိုဘာလ (၁၀)ရက်နေ့၌ ကျင်းပမည့် မြန်မာ တိုင်းရင်းသား တို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ကြမည့် မြိတ်ခရိုင် ကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင် မောင်မယ်များအား စခန်းသွင်း လေ့ကျင့်ရေး စခန်းသိမ်း အောင်ပွဲကို အောက်တိုဘာလ(၆)ရက် နံနက် (၉) နာရီတွင် ပုလဲရတနာ ခန်းမ၌ ကျင်းပသည်။
 
 
 ရှေးဦးစွာ မြိတ်ခရိုင် ကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင် မောင်မယ်များ စခန်းသွင်း လေ့ကျင့်ခဲ့သော ပြိုင်ပွဲဝင်များ စည်းစနစ် ကျရေးနှင့် နည်းစနစ် မှန်ကန်ရေးအတွက် နည်းပြ ဆရာ/မများနှင့် တာဝန်ရှိသူများက အနီးကပ် ကြီးကြပ် လေ့ကျင့် သင်ကြားခဲ့သော ပြိုင်ပွဲဝင်များမှ လေ့ကျင့်မှု စွမ်းရည်များ ထုတ် ဖော်ပြသကြရာ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ များ၊ ဖိတ်ကြားထားသူများနှင့် ၀ါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံ/ စီးပွားဝန်ကြီး ဦးသိန်းလွင်နှင့် သစ်တော/သတ္တု ၀န်ကြီး ဦးတင်စိုးတို့က မြိတ်ခရိုင် ကိုယ်စားပြု ပြိုင်ပွဲဝင် အဖွဲ့အား ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြပြီး မြိတ်ခရိုင်အုပ်ချုပ် ရေးမှူး ဦးလွင်ကိုဦးက ဒိုင်အဖွဲ့ဝင်များနှင့် ဆိုင်းအဖွဲ့ဝင်များအား တူညီဝတ်စုံများ ထောက်ပံ့ပေးအပ် ခဲ့သည်။

ဆက်လက်၍ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက တနင်္သာရီ တိုင်းဒေသကြီးတွင် အောက်တို ဘာလ(၁၀)ရက်နေ့၌ ကျင်းပမည့် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ကြမည့် မြိတ်ခရိုင် ကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင် မောင်မယ် များအား အားပေးစကား ပြောကြားပြီး စခန်းသွင်း လေ့ကျင့်ရေး စခန်းသိမ်း အောင်ပွဲကို ပြိုင်ပွဲဝင်မောင်မယ် များမှ အောင်စေ ပိုင်စေ တေးသီချင်း သီဆို ကပြကြ၍ ရုပ်သိမ်း လိုက်ကြသည်။

တနင်္သာရီ တိုင်းဒေသကြီးတွင် မြိတ်ခရိုင် ကိုယ်စားပြု ပြိုင်ပွဲဝင်များမှာ ကဗျာလွတ်ပြိုင်ပွဲတွင်( ၁၉)ဦး၊ ဆိုင်းပြိုင်ပွဲတွင် (၁၀)ဦး၊ အဆိုပြိုင်ပွဲတွင်(၆)ဦး၊ အကပြိုင်ပွဲတွင်(၄)ဦး၊ အတီး ပြိုင်ပွဲတွင် (၃)ဦး၊ အရေးပြိုင်ပွဲတွင် (၁)ဦး သွားရောက် ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်

0 comments: