Wednesday, October 16, 2013

မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပ


မြိတ်မြို့ ၊ မြိတ် အများပိုင်ကော်ပိုရေးရှင်း လီမိတက် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို အောင်တိုဘာလ (၁၅)ရက် နံနက် (၇း၃၀)နာရီတွင် အမှတ်(၂၆) ၊ ကမ်းနားလမ်း၊ ထားဝယ်စု ရပ်ကွက်ရှိ အဆိုပါရုံး၌ ကျင်းပရာ ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးမှ အဖွင့်အမှာစကား ပြောကြားကာ ကုပ္မဏီ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။


ထိုနောက် မြိတ် အများပိုင်ကော်ပိုရေးရှင်း လီမိတက် ဥက္ကဌ ဦးလှသန်း၊ ဒုတိယ ဥက္ကဌ ဦးထွန်းထွန်းဝင်း နှင့် အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုးဝင်းတို့မှ ကုပ္မဏီ ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး ကော်ပိုရေးရှင်း ဥက္ကဌမှ ကျေးဇူးတင် စကားပြန်လည်ပြောကြားကာ ဆိုင်းဘုတ်အား အမွှေးနံ့သာများ ပက်ဖြန်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ အများပိုင်ကော်ပိုရေးရှင်း လီမိတက်ကို မှတ်ပုံတင်အမှတ် ၃၀၇၈/ ၂၀၁၂-၂၀၁၃ (၂၅-၁၀-၂၀၁၂)တွင် စတင်တည်ထောင်ခဲ့ပြီး ရေတိုရေရှည် လုပ်ငန်းစီမံကိန်းများ အနေဖြင့် လူနေအိမ်ယာ နှင့် လမ်းတံတားများ BOT ဖြင့်ဆောင်ရွက်ခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ပြည်ပမှ တင်သွင်းခြင်း၊ အရောင်းကောင်တာ များ ဖွင့်လှစ်ခြင်း၊ ဟိုတယ် တည်ဆောက် ရေး စီမံကိန်း၊ အဏ္ဏ ၀ါဗေဒပြတိုက် တည်ဆောက်ရေး၊ သဘာဝအပန်းဖြေ ဥယျာဉ်စီမံကိန်း၊ Island Resort ကျွန်း အပန်း ဖြေစခန်းများ တည်ဆောက်ခြင်းနှင့် ဆေးရုံ၊ ကျောင်း ဘော်ဒါဆောင် များဆောက်လုပ်ရေး စီမံကိန်း များပါဝင်ပြီး အများပြည်သူများ အနေဖြင့် အစုရှယ်ယာ တစ်စုလျင် ကျပ်(၁) သိန်းနှုန်းဖြင့် အစုရှယ် ယာ ပါဝင်နိုင်ပြီးနှင့် အဓိက ရည်ရွယ်ချက်မှာ ဒေသ အတွင်းရှိပြည်သူများ လူနေမှု အဆင့်အတန်း ပိုမိုမြင့်မား လာစေရန်နှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်း အတွက် အထောက်အကူဖြစ်စေရန် ဖြစ် ကြောင်း သတင်း ရရှိသည်။

0 comments: