မုန်တိုင်း ခန့်မှန်းရေး ဗဟိုဌာနများ ဖြစ်ကြသော
IMD, JTWC များရဲ့ ခန့်မှန်းချက် အရ လည်းကောင်း MCCW ရဲ့ Analyses များအရ လည်းကောင်း
ကပ္ပလီ ပင်လယ်ပြင်ထဲမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ပိုမိုအားကောင်း လာနေပြီး
မုန်တိုင်း တစ်ခုအဖြစ် မကြာမီ ရောက်ရှိလာပြီး၊ (၈-၁၀-၂၀၁၃) နံနက်(၆)နာရီခွဲမှ
နောက်(၂၄)နာရီအတွင်း အပူပိုင်းမုန်တိုင်း တစ်ခု ဖြစ်လာနှိုင် ပါတယ်။ မုန်တိုင်းငယ်ဟာ
အနောက်မြောက်ဖက်ကို ဦးတည်ရွေ့လျှားကာ ဘင်္ဂလား ပင်လယ်အော် ရေပြင်ကျယ် အတွင်း ၀င်ရောက်
သွားပြီးနောက် အဆုံးတွင် အောက်တိုဘာလ (၁၅)ရက် ခန့်တွင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း
သြရိဿကမ်းခြေကို ဖြတ်ကျော် ၀င်ရောက် သွားမယ်လို့ ခန့်မှန်းရပါတယ်။
အောက်တိုဘာလ (၁၀-၁၁-၁၂)ရက် တို့တွင် မြန်မာ့ ကမ်းခြေနှင့် အနီးကပ်ဆုံး ရောက်ရှိ လာစဉ် မြစ်ဝ ကျွန်းပေါ် ဒေသရဲ့ ကမ်းရိုးတန်း နဲ့ ကမ်းလွန် ဒေသများ တွင် လေပြင်းဒဏ်နှင့် လှိုင်းဒဏ်များ အပြင် မိုးဒဏ် တို့ကိုပါ ခံစားရနှိုင် ပါတယ်။ အများဆုံး လေတိုက်နှုန်း တစ်နာရီ (၄၅-၅၀)မိုင်ခန့် နဲ့ အများဆုံး လှိုင်းဒဏ် ( ၈ ပေ မှ ၁၂ ပေခန့်အထိ) ရှိနိုင် ပါတယ်။
ဒေါက်တာထွန်းလွင်
0 comments:
Post a Comment