Wednesday, October 2, 2013

SEA Game ကြိုဆို ဂုဏ်ပြု တစ်ကိုယ်တော် ခရီးရှည် လမ်းရှောက်သူ မြိတ်မြိုသား ကိုအောင်သူ ကော့သောင်းမြို့မှ စတင်ထွက်ခွာပြီ




SEA Game ပွဲတော် ကို ကြိုဆို ဂုဏ်ပြု သောအားဖြင့် မြန်မာနိုင်ငံ တောင်ဖက်စွန်း ကော့သောင်းမြို့ မှ နေပြည်တော် အထိ တစ်ကိုယ်တော် ခရီးရှည် လမ်းရှောက်သူ မြိတ်မြို့၊ ကန်ဖျားရပ် မြေနီလမ်းနေ  အသက်(၄၅) နှစ် အရွယ် ဦးအောင်သူ သည် လမ်းလျှောက် ခရီးစဉ် ကို အောက်တို့ဘာလ ၁ ရက် နေ့ နံနက် (၆) နာရီက ကော့သောင်းမြို့ ဘုရင့်နောင်အငူ (၀ိတိုရိယအငူ) ရှေ့ မှ စတင်ထွက်ခွာ သွားပြီ ဖြစ်သည်။


 

အဆိုပါ SEA Game ပွဲတော် ဂုဏ်ပြု လမ်းလျှောက် သူ ဦးအောင်သူ အား ကော့သောင်း ခရိုင် အားကစားနှင့် ကာယပညာ ကော်မတီ မှ တာဝန်ရှိသူများ ၏ ကူညီပံ့ပိုး မူ မြို့မိမြို့ဖ ပြည်သူများ ၊ ကျောင်းသူ/ ကျောင်းသားများ သောင်းသောင်း ဖျဖျ အားပေး ဂုဏ်ပြုမှု ခွန်အားများဖြင့် စတင်ထွက်ခွာ ရာမှ ကော့သောင်းမြို့ နယ်အတွင်း ကျေးရွာ များသို့ ဖြတ်သန်း စဉ် ကျေးရွာ လုံးကျွတ် ကျေးလက်ပြည်သူများ က ထပ်ဆင့် အားပေး ဂုဏ်ပြု ခဲ့ကြသည်။

ဦးအောင်သူ သည် မြန်မာနိုင်ငံ မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် SEA Game ပွဲတော် ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် တစ်ကိုယ်တော် ခရီးရှည် လမ်းလျှေက်ခြင်း သည် ယခု အကြိမ်သည် ဒုတိယ အကြိမ်ဖြစ်ပြီး ကော့သောင်း မြို့ မှ နေပြည်တော်အထိ မိုင်ပေါင်း (၁၁၈၂) မိုင် ကို (၅၅) ရက်ကြာ လမ်းရှောက် မည် ဖြစ်ကြောင်း သိရသည်။

 ကျော်စိုး (ကော့သောင်း) IPRD

0 comments: