Saturday, October 26, 2013

မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဖလား အခြေခံပညာ ကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

၂၀၁၃ ပညာသင်နှစ် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဖလား အခြေခံ ပညာ ကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ(၂၆)ရက် နံနက်(၉)နာရီတွင် မြိတ်မြို့ မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပသည်။


ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အမှာစကား ပြောကြားသည်။ ယင်းနောက် ပြိုင်ပွဲဝင် အားကစား သမားများက အားကစား သစ္စာ အဓိဌာန် ရွတ်ဆိုကြပြီး ပြိုင်ပွဲ စတင်ကျင်းပရာ အလက(တောရ) အသင်းနှင့် ထ(ခွဲ)အလက(၁) (က)အသင်းတို့ ယှဉ်ပြိုင် ကစားကြသည်။

ပြိုင်ပွဲကို ဌာနဆိုင်ရာများ၊ ကျောင်းဆရာ/မ များနှင့် ပြိုင်ပွဲဝင် အားကစား သမားများ၊ အားကစား ၀ါသနာရှင်များ တက်ရောက်ခဲ့ ကြသည်။ အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲအသင်း(၉)သင်းက ပါဝင် ယှဉ်ပြိုင်ကြပြီး အောက်တိုဘာ လ(၂၆) ရက်နေ့မှ နိုဝင်ဘာလ(၃)ရက်နေ အထိ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သတင်းရ ရှိသည်။

iprd myeik

0 comments: