Saturday, October 5, 2013

ရေဘေးသင့်ပြည်သူများအား နေအိမ်များ ပြန်လည်ထူထောင်ရေး ထောက်ပံ့ပေး

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာ အုပ်စု ချောင်းလမုရွာသည် စက်တင်ဘာ လ(၂၇)နေ့ ည(၉)အချိန် အထိ ချောင်းလမုရွာမြစ်ကမ်းနံဘေးရှိ ဓနိမိုး ထရံကာ ကြမ်းခင်း သစ်လုံးတိုင်အိမ်ခြေ (၃၉)လုံး ယိမ်းယိုင်ပြိုကျ ပျက်စီးခဲ့သည်။ 




တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် မှ ယိုင်လဲပြိုကျ နေအိမ်များအတွက် လိုအပ်လျက် ရှိသည့် သစ်နှင့် အိမ်ဆောက်ပစ္စည်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စီစဉ်ဆောင်ရွက် ပေးလျက် ရှိသည်။ ၄င်းအပြင် ၀န်ကြီးချုပ်၏ လမ်းညွှန် မှုဖြင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်း မှ ချောင်းလမုရွာတွင် ယိုင်လဲ ပြိုကျ ပျက်စီးနေအိမ်များနှင့်ပြောင်းရွှေ့ အိမ်ထောင်စုတို့မှ မိသားစုများ အတွက်စေါင်(၁၀၀) ၊ခြင်ထေါင် (၁၀၀) တာလပါ(၁၀၀)ခု ၊မီးဖိုချောင်သုံး ပစ္စည်း (၁၀၀)ပါကင်နှင့် လက်သမားသုံး ပစ္စည်း(၁၀)စုံ၊ သောက်ရေသန့်ဗူးခွံ (၁၀၀) လုံး တို့ကို တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီအသင်း ဦးစီးမှူး(ပထမတန်း) ဦးကြည်တင်နှင့် အဖွဲ့ သည် တနင်္သာရီမြို့သို့ စက်တင်္ဘာ(၃၀) ရက်နေ့တွင်ရောက်ရှိ လွဲအပ်ပေးပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ် မှုဖြင့် တနင်္သာရီမြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ဒုတပ်ရင်းမှူး ဦးရွှေဝင်း၊ တပ်ခွဲမှူး ဦးထိန်ဝင်းနှင့် အဖွဲ့ဝင်များ သည် အောက်တိုဘာ(၁)ရက်နေ့ ည(၇)နာရီအချိန် ချောင်းလမုရွာ ဓမ္မရက္ခတ ဘုန်းတော်ကြီးကျောင်းတွင် အိမ်ထောင်စုဝင် များထံ ထောက်ပံ့ ပစ္စည်းများ လက်ဝယ် အရောက်ပေးအပ်ကြကြောင်း သိရှိရသည်။

အောက်တိုဘာ၂ ရက်အထိ ချောင်းလမုရွာမြစ်ရေကြီးနေမှု အခြေအနေသည် ရွာ၏ ကမ်းနားလမ်းတွင် (၂)ပေ ခန့် ချောင်းကမ်း နံဘေးနေရာတွင် (၅)ပေခန့် ကြီးနေသေးသည့် အတွက် ယိုင်လဲ ပြိုကျနေသည့် နေအိမ် များအား ဖျက်သိမ်းခြင်း ပြုပြင်ခြင်း ပြန်လည်ဆောက် လုပ်ခြင်းများ ဆောင်ရွက်ရန်အတွက် ခက်ခဲလျက်ရှိ ကြောင်း သိရှိ ရသည်။

တနင်္သာရီမြို့နယ်တွင်မြစ်ရေကြီးမှုကြောင့် ပိတ်ထား ရသောအခြေခံပညာကျောင်းများကို စက်တင်ဘာ လ(၂၉) ရက်နေ့မှ စ၍ပြန်လည်ဖွင်လှစ်နိုင်ခဲ့ပြီး မြိတ် တနင်္သာရီ ဘုတ်ပြင်း ကော့သောင်း မှန်လုံကားများလည်း ပုံမှန်ခရီးစဉ်များအတိုင်း ပြန်လည်ပြေး ဆွဲနေပြီဖြစ်ကြောင်းသိရှိရသည်။

0 comments: