မြိတ်ခရိုင် တနင်္သာရီမြို့နယ် သိန်းခွန်း ကျေးရွုာ အုပ်စု မောတောင်ဒေသ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး အဆောက်အဦးဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားအား ၂၀၁၃ ခုနှစ် မေလ (၈) ရက်နေ့ နံနက် (၈) နာရီအချိန် ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦမြတ်ကိုနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ တနင်္သာရီတိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ် ကော်မတီဝင်များ ၊ တနင်္သာရီမြို့နယ်နှင့် မောတောင် ဒေသ ပြည်ခိုင်ဖြိုး ပါတီဝင်များ ၊ ဧည့်သည်တော်များနှင့် ပြည်သူလူထုများ စုစုပေါင်း အင်အား (၄၀၀) ဦးခန့် တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးသန်းအောင်၊ စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးသိန်းလွင် ၊ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာ ကျော်ဆန်း တို့က ရုံးအဆောက်အဦးနှင့် ဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထိုနောက် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီ တာဝန်ရှိသူများက ပါတီရုံး ဆိုင်းဘုတ်အား အမွှေးနံ့သာရေများ ပက်ဖြန်းခဲ့သည်။
ထိုနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦမြတ်ကိုက အမှာစကား ပြောကြားပြီးနောက် မောတောင်ဒေသ ပြည်ခိုင်ဖြိုး ပါတီဝင် အဆိုပြုလွှာများအား စည်းရုံးရေးမှူးမှ တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူး ဦးထင်ပေါ်အား ပေးအပ်ကာ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
အခမ်းအနား အပြီးတွင် တိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌ ၀န်ကြီးချုပ် ဦးမြတ်ကိုသည် အခမ်းအနား တက်ရောက် လာသော ပြည်သူလူထုနှင့် ပါတီဝင်များအား ရင်းရင်းနှီးနှီး နုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။









0 comments:
Post a Comment