Sunday, May 12, 2013

မြိတ်မြို့၌ ရိုးမဘဏ်(မြိတ်) ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ရိုးမဘဏ်လီမိတက်၏ (၅၀)မြောက်ဘဏ်ဖြစ်သော ရိုးမဘဏ် (မြိတ်)ဖွင့်ပွဲကို မေလ(၁၁)ရက် နံနက်(၇)နာရီတွင် ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် သံဃာတော်အရှင် သူမြတ် များအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ဌာနဆိုင်ရာများ၊ လုပ်ငန်း ရှင်များ၊ ဒေသခံပြည်သူများအား ဘဏ်လုပ်ငန်းများအား မိတ်ဆက်ခဲ့ ပါသည်။

အဆိုပါဘဏ်တွင် ဘဏ်လုပ်ငန်းများကို မေလ(၇)ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ပြီး ဘဏ် မန်နေဂျာ ဒေါ်နော်လေးဖောထူးနှင့် ဘဏ်ဝန်ထမ်း(၂၂)ဦးတို့က ငွေစုစာရင်း၊ စာရင်းရှင် စာရင်း ၊ မေတ္တာလက်ဆောင်ချက် လက်မှတ်၊ ချေးငွေလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကာ ရိုးမဘဏ် ရှိသော မြို့နယ်များသို့ ငွေပို့/ငွေလွဲ လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မြိတ်မြို့သည် စီးပွားရေးလုပ်ငန်းများ၊ ရေလုပ်ငန်းများ၊ စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ စသော လုပ်ငန်း များဖွံ့ဖြိုးသောမြို့ဖြစ်သည်နှင့်အညီ မြိတ်မြို့တွင် မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်(၉)ဘဏ် စုစုပေါင်း (၁၀)ဘဏ်ဖွင့်လှစ်လျက်ရှိပြီး ဘဏ်လုပ်ငန်း များဆောင် ရွက်လျက်ရှိသောကြောင့် မြိတ်မြို့တွင်နေထိုင်ကြသော ပြည်သူများအနေဖြင့် အချိန်တိုအတွင်းမှာ ဘဏ်များတွင် ငွေစုခြင်း၊ ငွေပို့/ငွေလွဲခြင်းလုပ်ငန်းများကို စိတ်ချမ်း မြေ့စွာ ဆောင်ရွက် လျက် ရှိကြကြောင်း သတင်းရရှိသည်။
 

0 comments: