Wednesday, May 15, 2013

ပီလောပီနံဥ ပြုတ်စားရာမှ မူးဝေ အော့အန်



၁၁-၅-၂၀၁၃ ရက်နေ့ ၀၄၁၅ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ အထွေထွေရောဂါကုဆေးရုံကြီးနှင့် ကန်ခေါင်းရပ်ကွက်ရှိ ကလေးဆေးရုံကြီးတို့တွင် အစာအဆိပ်သင့်၍ လူနာများရောက်ရှိနေကြောင်းသတင်းအရ မြိတ်မြို့၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးရာ အထွေထွေရောဂါကုဆေးရုံတွင် မြိတ်မြို့၊ အောင်မင်္ဂလာရပ်ကွက်နေ မသန်းသန်းမိုး (၃၄)နှစ်ပါ ကျား ၂ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၄ ဦးနှင့် ကလေးဆေးရုံကြီးတွင် ကျား ၇ ဦး၊ မ ၃ ဦး၊ စုစုပေါင်း ၁၀ ဦးတို့  ဆေးရုံ တက်ရောက်နေကြောင်း တွေ့ရှိ ရသည်။


ဖြစ်စဉ်မှာ ၉-၅-၂၀၁၃ ရက်နေ့က မြိတ်မြို့ မြို့သစ်ရပ်ကွက်နေ ဦးနောင်နီ၊ ဒေါ်ခင်ဝင်းပိုင် ငါးမျှားစင်္ကြာ ငါးဖမ်းလှေတွင် လှေသားအဖြစ်လိုက်ပါလာသူ မြိတ်မြို့၊ အောင်မင်္ဂလာရပ်နေ နောင်ကြည်(ခ) အရူးသည် အလယ်မန်ကျေးရွာ လိပ်ဥကျွန်းတွင် လှေရပ်နားစဉ် ကျွန်းပေါ်မှ ပီလောပီနံများ တူးယူခဲ့ပြီး ၁၀-၅-၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန် ၄င်းနေအိမ်တွင် သားသမီးများ၊ ဆွေမျိုးများနှင့် ပီလောပီနံဥပြုတ်စားခဲ့ရာမှ မူးဝေအော့အန်ကာ ဆေးရုံသို့ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း နှင့် ကျန်းမာရေးအခြေအနေမှာ စိုးရိမ်စရာ မရှိကြောင်း သတင်း ရရှိသည်။ (ရဲဇာနည်)




0 comments: