Tuesday, May 14, 2013

မြိတ်မြို့၌ မုန်တိုင်းသတိပေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူများနှင့် ရေလုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်း ပြုနေသော
 ရေလုပ်ငန်းရှင်များနှင့် ရေလုပ်သားများ၊ ရေကြောင်းခရီးသွားပြည်သူများသိရှိစေရန်အတွက် မေလ(၁၄)ရက် နံနက်တွင် နေပြည်တော် မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်သော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ် နေသော မဟာစင် ဆိုက်ကလုန်း မုန်တိုင်းသတင်းကို နံရံကပ်စာစောင်များဖြင့် ကြေငြာပေးခဲ့သည်။

အဆိုပါကြေငြာခြင်းတွင် ပြန်/ဆက်ရုံး မြေစိုက်ဘုတ်၊ ရေဆိပ်၊ ဆိပ်ခံတံတားနှင့် မြိတ်လေဆိပ် Book Corner တို့တွင် မုန်တိုင်းသတင်းကို နံရံကပ်စာစောင်များဖြင့် ကြေငြာ၍ မုန်တိုင်းအန္တရာယ် အသိပညာပေး လက်ကမ်း စာစောင် များကို မြိတ်ခရိုင် ပြန်/ဆက် ၀န်ထမ်းများမှ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

0 comments: