Monday, May 27, 2013

သိမ်းဆည်းမြေ ပြန်လည်ရယူပေးမည်ဟု ဆိုပြီး ငွေကျပ် (၁၄)သိန်း လိမ်လည်သူမှာ NLD ပါတီ၏ ဒီလှိုင်း ဂျာနယ်မှ သတင်းထောက် မဟုတ်ပဲ အယောင်ဆောင် တစ်ဦးသာ ဖြစ်ကြောင်း သိရှိရ ၊ ၄င်းအား NLD မှ အမှုဖွင့် အရေးယူထား



ပုလောမြို့နယ် ပလောက်မြို့နယ်ခွဲ အင်းမကျေးရွာတွင် ဒီလှိုင်းသတင်းထောက် ကိုခင်ဇော်..ပါ (၂)ဦးသည် မြေယာ သိမ်းခံရသည့် မြေများအား ပြန်လည်ရရှိရေး အတွက် ငွေကျပ်(14)သိန်း ကျော်လိမ်လည်မှု ဖြစ်ပွါးခဲ့သည်ဟု သိရပါသည်။ အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ငွေလိမ်လည်မှုမှာ မှန်ကန်ပြီး ဒီလှိုင်း သတင်းထောက် ဆိုသည်မှာ မမှန်ကန်ကြောင်း။ ဒီလှိုင်း သတင်းထောက်များ၏ စာရင်းကို ဒီလှိုင်း ဂျာနယ်တွင် ဖော်ပြထားပြီး ထိုအထဲတွင် ကိုခင်ဇော်ဆိုသူမှာ မရှိကြောင်း အယ်ဒီတာ မုံရွာအောင်ရှင်မှ ယနေ့ထုတ် The..Myanmar..post.. အချပ်ပိုD.တွင် အတိအလင်း ပြောကြားထား ပါသည်။


ထို့အပြင် မြိတ်ခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးသန်းနွယ်နှင့် အဖွဲ့ဝင်များကလည်း သတင်းကြား၍ သွားရောက် စုံစမ်းရာ အဆိုပါ ဦးခင်ဇော် ဆိုသူမှာ ပဲခူးတိုင်း သနပ်ပင် မြို့နယ်မှ ဖြစ်ကြောင်း NLDပါတီဝင် အယောင်ဆောင်၍ လိမ်လည်ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ထို့ကြောင့် အဆိုပါအမှုနှင့် ပတ်သက်ပြီးရဲစခန်းသို့ အယောင်ဆောင် လိမ်လည်မှုနှင့် တိုင်ချက်ဖွင့် တိုင်ကြား ထားသည်ပြီး ဖြစ်ကြောင်း၊ ယနေ့တိုင် တရားခံအား အစအနပင် စုံစမ်း ရရှိခြင်း မရှိသေးကြောင်း သတင်းရရှိ ပါသည်။


2 comments:

Unknown said...

အမှုဖွင့်အရေးယူထားတယ်ဆိုရင်၊တရားလိုကဘယ်သူလဲ၊ဘယ် နေ့၊ဘယ်အချိန်က၊ဘယ်ရဲစခန်းမှာဘာပုဒ်မနှင့်အမှုဖွင့်အရေးယူ ထားတယ်ဆိုတာကိုအတိအလင်းဖေါ်ပြပေးပါ။ယောင်တောင်တောင်နဲ့မတင်နှင့်။အရှက်ပြေမလုပ်နဲ့။တိတိကျကျ လုပ်ပါ။

Unknown said...

အဲဒီလူလိမ်တွေရောက်တဲ့အချိန်၊ပြည်သူတွေကိုအစည်းဝေးခေါ်တဲ့အချိန်ကနေရာအနံ့မှာရှိနေကြ တဲ့ပါတီဝင်တွေကလူလိမ်တွေဆိုတာကိုမသိကြဘူးလား၊ပါတီဝင်တွေကအဆင့်ဆင့်သတင်းပို့မှုမရှိ ကြဘူးလား၊ပြည်သူတွေအလိမ်ခံလိုက်ရတာဘယ်ကောင်းမလဲ။ပြည်သူတွေကဘယ်သူကိုအယုံအကြည်ရှိရမလဲ။အဖြစ်မှန်ကိုဖေါ်ထုတ်ပေးပါ။