Friday, May 17, 2013

မြိတ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များ ပြည်သူနှင့် တွေ့ဆုံ

၂၀၁၃ခုနှစ် မေလ၁၂ရက်နေ့ နေ့လည်(၁၀၃၀) နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြိတ်မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှန် တို့သည် မြိတ်မြို့နယ် သစ်ယာဝကျေးရွာ အုပ်စု၊ သစ်ယာဝကျေးရွာရှိ ဒေသခံပြည်သူလူထုများ၊ ရပ်မိ/ရပ်ဖများ စုစုပေါင်းအင်အား (၅၀)ဦးခန့်နှင့် တွေ့ဆုံပြီး ကျေးရွာတွင်း ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေများအား ကွင်းဆင်းကြည်ရှု လေ့လာခဲ့ကြပြီး ကျေးရွာအတွင်း ရပ်မိ/ရပ်ဖများနှင့် ဒေသခံများ၏ 
တင်ပြချက်များကို ပြန်လည်ရှင်းလင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments: