Tuesday, May 28, 2013

ထူးဖောင်ဒေးရှင်းမှ ပုလောမြို့နယ် ဖွံ့ဖြိုးရေးအတွက် အလှူငွေနှင့် ပစ္စည်းများ လှူဒါန်း

ပုလောမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ထူးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးတေဇမှ ပုလောမြို့နယ် ပြည်သူ့ဆေးရုံ ဘက်စုံ အသုံးပြုရန်အတွက် ငွေကျပ် သိန်း (၁၀၀၀) ၊ ပရိဘောဂ ပစ္စည်းအတွက် ကျပ်သိန်း (၅၀၀)၊ မြို့နယ် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဘက်ဟိုး (၁)စီး၊ ဒိုဇာ (၁) စီး ၊ ကွန်ပျူတာ (၂၀)စုံ လှူဒါန်းပွဲ အခမ်းအနားကို ၂၇-၅-၂၀၁၃ ရက်နေ့ နံနက် (၀၈၀၀) နာရီအချိန်တွင် ပုလောမြို့နယ် အသင်း အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။ 


အခမ်းအနားတွင် ထူးဖောင်ဒေးရှင်းမှ လှူဒါန်းသည့် အလှူငွေနှင့် ပစ္စည်းများ အား ဥက္ကဋ္ဌ ဦးတေဇ၏ ကြီးတော် တော်စပ်သူ ပုလောမြို့နယ် ဒေါ်ခင်သက်၊ ဒေါ်ခင်တင့် တို့မှ ကိုယ်စားပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး ၀န်ကြီး ဦးဝင်းဆွေနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှစို်းတို့ လက်ခံ ခဲ့ကြောင်း သတင်းရရှိပါသည်။
 
ထိုအခမ်းအနားသို့ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စက်မှု ၀န်ကြီး ဦးဝင်းဆွေ၊ ပြည်ခိုင်ဖြိုးပါတီ ပုလောမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှစိုး၊ ထူးဖောင်ဒေရှင်း ဥက္ကဋ္ဌ ဦးတေဇနှင့် ပုလောမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ပုလောမြို့သူ မြို့သား များ တက်ရောက်ကြသည်။


0 comments: