Monday, May 13, 2013

မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ သစ်ယာဝ အုပ်စု ရုံးခန်းဖွင့်ပွဲ ပြုလုပ်

၂၀၁၃ ခုနှစ်၊ မေလ ၁၂ ရက်နေ့ နံနက် (၀၉၃၀)နာရီ အချိန်ခန့်တွင် မြိတ်မြို့နယ် သစ်ယာဝ ကျေးရွာအုပ်စု၊ သစ်ယာဝ ကျေးရွာ ဦးစိန်ဝင်း၏ နေအိမ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးပါတီ ရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပပြုလုပ် ကျင်းပခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်ရှန်နှင့် ခရိုင်ပါတီ ကော်မတီဝင် ဦးဇော်လှိုင်ဝင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်၍ 

တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးအေးအောင်မှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး သစ်ယာဝကျေးရွာ စည်းရုံးရေးမှူး ဦးစိုးနိုင်မှ ဆိုင်းဘုတ်ကို မင်္ဂလာကြိုးဆွဲ ဖွင့်လှစ်ပေးခဲ့သည်။ ထိုအခမ်းအနားသို့ ပါတီဝင်များနှင့် ပြည်သူများ စုစုပေါင်း အင်အား (၁၅၀)ခန့် တက်ရောက်ခဲ့၍ (၁၀၃၀)နာရီအချိန်တွင် အခမ်းအနား ပြီးဆုံးသွားကြောင်း သတင်းရရှိ ပါသည်။

0 comments: