Friday, May 24, 2013

နည်းပညာတက္ကသိုလ်(မြိတ်)၌ အသိပညာပေး ဟောပြောပွဲ ကျင်းပ

နည်းပညာတက္ကသိုလ်(မြိတ်)၌ အသိပညာပေးဟောပြောပွဲကို မေလ(၂၃)ရက် နေ့လည်(၂း၃၀) နာရီ တွင် တက္ကသိုလ်ကျောင်းခန်းမဆောင်၌ ကျင်းပရာ နည်းပညာ တက္ကသိုလ်(မြိတ်) ကျောင်းအုပ် ဆရာကြီး ဒေါက်တာ တင်ဆန်းက အမှာစကားပြောကြားသည်။

ယင်းနောက် မြိတ်ခရိုင် တရားသူကြီး ဦးတင်ထူးမှ မြိတ်မြို့တွင် ယာဉ်အန္တရာယ် မှုခင်းများနှင့် ပတ်သက်၍ သတိပြုဆင်ခြင်ဖွယ်ရာအကြောင်းနှင့် မြိတ်ခရိုင် ဥပဒေအရာရှိ ဦးလှထွန်းမှ မူးယစ်ဆေးဝါး နှင့် မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေအကြောင်းတို့ကို ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ မြိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ဌေးက ယာဉ်မောင်းလိုင်စင်ဆောင်ရွက်ပေးမှု၊ ယာဉ်အန္တရာယ်မဖြစ်ပွားအောင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် ယာဉ်မောင်စဉ်သတိပြုရမည့် သင်္ကေတအမှတ်အသားများ၊ အချက်ပြမီးများနှင့် အကာအကွယ်ပေးနိုင်သည့် ဦးထုတ်ဆောင်းနည်းများကို ပညာပေးသရုပ်ပြသသည်။

ထိုနောက် မြိတ်မြို့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး နေ၀င်းက ယာဉ်မောင်သူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို သိရှိနားလည်ပြီး လိုက်နာ ဆောင်ရွက်ရန် အရေးကြီးကြောင်း ပညာပေးဟောပြောပြီး အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြ သည့် နည်းပညာတက္ကသိုလ် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ(၁၃၀)ဦးတို့အား ပညာပေး လက်ကမ်း စာစောင်များဝေငှခဲ့ပြီး အခမ်းအနားရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။



0 comments: