Friday, May 17, 2013

မြိတ်မြို့တွင် ဆေးခြောက်များ ဖမ်းမိ

မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်မြင့်စိုး ဦးဆောင်သောဖွဲ့နှင့် အမှတ်(၄)  ရဲကင်းမှူး ဒု-ရဲအုပ် လှမျိုးဝေ တို့ဦးဆောင်သော တပ်ဖွဲ့ဝင်များ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ၂၀၁၃ ခုနှစ်၊ မေလ ၁၅ရက်နေ့ မွန်းလွဲ (၁၃၁၀)နာရီအချိန်တွင် မြိတ်မြို့ ပါရမီ (၂)ရပ်ကွက်၊ ဂန္ဓမာ(၂)လမ်းရှိ  စည်သူမင်း(ခ) ဟာမီ၏ နေအိမ်အား သတင်းအရ၀င်ရောက်ရှာဖွေရာ ၄င်း၏နေအိမ်မှ ဆေးခြောက်- အရိုး/ အရွက်/ အစေ့ရောရာ အလေးချိန် (၄၈.၃၆) ဂရမ်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။
 
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံ စည်သူမင်း(ခ) ဟာမီ၊ အသက် (၂၈)နှစ်၊ (ဘ) ဦးကျော်လင်း(ခ) အာမီ၊ ပါရမီ (၂)ရပ်နေထိုင်သူအား မြိတ် မြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

0 comments: