Sunday, May 12, 2013

မြိတ်မြို့၌ ပြည်သူများအား မဟာစင် ဆိုက်ကလုန်း မုန်တိုင်းသတင်း အသိပေးကြေငြာ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ မြိတ်မြို့နယ် အတွင်း နေထိုင်ကြသော ပြည်သူများအား မေလ(၁၂)ရက် နံနက်(၆)နာရီ အချိန် နေပြည်တော် မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ ထုတ်ပြန်သော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မဟာစင် ဆိုက်ကလုန်း မုန်တိုင်းသတင်းကို ယနေ့ နံနက်(၁၁)နာရီတွင် မော်တော်ယာဉ်ဖြင့် အသိပေးကြေငြာသည်။

ထိုသို့ကြေငြာရာတွင် နေပြည်တော် မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ ထုတ်ပြန်သော မုန်တိုင်း သတင်းနှင့် ရေလုပ်ငန်းလုပ်ကိုင်နေသူများအတွက် ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ်များ မုန်တိုင်းအန္တရာယ်မှ ရှောင်ရှားကာကွယ်နိုင်ရန် ကြေငြာချက်များကို အသိပေးကြေငြာပြီး မုန်တိုင်း အန္တရာယ် အသိပညာပေး လက်ကမ်း စာစောင် များကို အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် ပြန် ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနတို့မှ ဖြန့်ဝေပေးလျက်ရှိကြောင်း သတင်းရရှိသည်။

0 comments: