Friday, May 24, 2013

မြိတ်မြို့၌ ၁၃၇၅ခုနှစ် ဗုဒ္ဒနေ့ အခမ်းအနား ကျင်းပ

၁၃၇၅ခုနှစ် ဗုဒ္ဒနေ့ အခမ်းအနားကို မေလ(၂၄)ရက် နံနက်(၇း၃၀)နာရီတွင် မြိတ်မြို့ လေးကျွန်းဆီမီး စေတီတော် သာသနာ့ဗိမာန်တော်၌ ကျင်းပရာ ဓမ္မရိပ်သာကျောင်းဆရာတော် ဘဒ္ဒ န္တ ကုမာရအမှူးပြုသော ဆရာတော် သံဃာတော်အရှင်သူမြတ်များ၊ ဘုရားဒါယာကာ၊ ဒါယိကာမများ တက်ရောက်ကြသည်။


ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။ ယင်းနောက် သိမ်တော်ကြီး ဥပသကာအဖွဲ့နှင့် ဓမ္မစကြာအဖွဲ့များမှ ဗုဒ္ဒနေ့၏ ထူးခြားချက်ကြီး(၄)ချက်ကို ချီးကျူးပူဇော်သည့် (၈)လုံးဘွဲ့မင်္ဂလာကဗျာများ စုပေါင်းရွတ်ဆိုပူဇော်ကြသည်။ 
 
ဆက်လက်၍ ဘုရားဒါယာကာ၊ ဒါယိကာမများက လေးကျွန်းဆီမီးစေတီတော် သြ၀ါဒစရိယ ဓမ္မရိပ် သာ ကျောင်းဆရာတော် ဘဒ္ဒ န္တ ကုမာရထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော် များထံမှ ပရိတ်တရားတော်များနာယူကြသည်။ ထိုနောက် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ရွှေကျောင်း တိုက်အုပ်ဆရာတော် ဘဒ္ဒန္တ စန္ဒမာလာထံမှ ဗုဒ္ဒနေ့ ဒေသနာတော်များ နာကြား၍ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဒသာသနာစိရံတိဌတု(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


0 comments: