Friday, May 31, 2013

မြိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ လူငယ် စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်




တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ် စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ် မေလ ၃၁ရက်နေ့ နံနက် (၀၉၁၅)နာရီအချိန်တွင် မြိတ်မြို့ ဆိပ်ငယ်ရပ် ရှိ ခရိုင်ပါတီရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် မြိတ်ခရိုင် ပါတီ အတွင်းရေးမှူး ဦးအောင်ဇော်မိုးမှ အဖွင့်အမှာစကားပြောကြားပြီး မြိတ်ခရိုင်ပါတီကော်မတီဝင် ဦးကျော်ဌေးဝင်းမှ စွမ်းရည် ပြည့်ဝသော ကျစ်လျစ် တောင့်တင်းခိုင်မာသည့် လူငယ်အင်အားစုများပေါ်ထွန်းလာရေး စာတမ်းအား ဖတ်ကြား၍ မြိတ်ခရိုင်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးရဲထွန်းမှ မြို့နယ်အသီးသီးမှ ဆွေးနွေးပွဲ တက်ရောက်လာသော အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ၏ ဆွေးနွေး တင်ပြလာခြင်း အပေါ် ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ ပါသည်။


ထို ဆွေးနွေးပွဲသို့ တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဦးအေးအောင်နှင့် ဦးကြည်ထွန်း၊ မြိတ်ခရိုင်ပါတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ မြိတ်ခရိုင် အတွင်းရှိ မြို့နယ် အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများ စုစုပေါင်းအင်အား (၅၅)ဦးခန့် တက်ရောက်ကာ ဆွေးနွေးပွဲကို နေ့လည် (၁၁၀၀) နာရီ အချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

USDP MYEIK 



0 comments: