Saturday, May 18, 2013

မြိတ်မြို့တွင် ဒုတိယအကြိမ် အဖြစ် တန်ဖိုးနည်းဖုန်း အလုံးရေ ၅၀၀ သာ ရောင်းချမည်

၂၀၁၃ ခုနှစ်၊ မေလ (၂၀)ရက်နေ့တွင် MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနဲ့ မိုဘိုင်းဖုန်း ဆင်းကဒ် များကို ဒုတိယအကြိမ် အဖြစ် ရောင်းချပေးမည်ဖြစ်ရာ တနင်္သာရီတိုင်း ဒေသကြီး အနေဖြင့် အလုံးရေ (၁၅၀၀)ချထားပေးမည်ဖြစ်ပြီး ထားဝယ်မြို့နယ်အတွက် အလုံးရေ (၁၀၀၀)နှင့် မြိတ်မြို့နယ်အတွက် အလုံးရေ (၅၀၀) ခွဲဝေ ရောင်းချပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိ ရသည်။

မြိတ်မြို့နယ် အတွက် ပထမကြိမ် ခွဲဝေ ချထားပေးသည့် ခွဲတမ်းမှာ ဖုန်းအလုံးပေါင်း (၃၀၉၀) ဖြစ်ပြီး တပ်မတော်မှ (၅၁၀)၊ ဌာနဆိုင်ရာမှ (၈၀၀)နှင့် ပြည်သူလူထု အတွက် (၁၇၈၀) ကျော်ခန့်ကို ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် ၂ဝ၁၃ ခုနှစ် ဧပြီ ၂၄ ရက်တွင် စတင် ခွဲဝေ ရောင်းချပေးခဲ့ပြီး ဒုတိယ အကြိမ်တွင် တပ်မတော်အတွက် ခွဲတမ်းမပါဝင်ကြောင်းနှင့် ရပ်ကွက်/ကျေးရွာများအတွက် ခွဲဝေရောင်းချပေးမှုများကို စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။



0 comments: