Friday, May 24, 2013

မြိတ်မြို့ မဟာသိဒ္ဒိဇယစေတီတော်၌ သတ္တမအကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပ

၁၃၇၅ခုနှစ် သတ္တမ အကြိမ်မြောက် ကဆုန်ညောင်ရေသွန်း ပွဲတော်ကို မြိတ်မြို့ မဟာ သိဒ္ဒိဇယစေတီတော်တွင် မေလ(၂၄)ရက် နံနက်(၈)နာရီ၌ ကျင်းပရာ လှည်းဘီးကျောင်း ပရိယတ္တိ စာသင်တိုက် ပဓာန နာယက ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္ဒ လာသန အမှူးပြုသော ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေး ဇနီး ဒေါ်ဝင်းဝင်းမြင့် ဦးဆောင်သော ဘုရားဒါယာကာ၊ ဒါယိကာမများ တက်ရောက်ကြသည်။


ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး တိုင်းမှူး အမှူးပြုသော ဘုရားဒါယာကာ၊ ဒါယိကာမများက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္ဒ လာသန လှည်းဘီးကျောင်း တိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြပြီး ဆရာတော် သံဃာတော်များထံမှ ပရိတ်တရား တော်များ နာယူကြသည်။ ထိုနောက် ဆရာတော် သံဃာတော် အရှင်သူမြတ်များအား လှူဖွယ် ၀တ္ထုများ ဆက်ကပ် လှူဒါန်းကြပြီး ပတ္တမြားကျောင်းတိုက် ဆရာတော်ထံမှ ဗုဒ္ဒနေ့ ဒေသနာတော်များ နာကြား၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဒသာသနာ စိရံတိဌတု (၃) ကြိမ် ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။ 

အခမ်းအနား အပြီးတွင် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေး ဇနီး ဒေါ်ဝင်းဝင်းမြင့် ဦးဆောင်သော ဘုရား ဒါယာကာ၊ ဒါယိကာမ များက မဟာဗောဓိ ပရိဘောဂစေတီတော်အား အမွေး နံသာရည်များဖြင့် ညောင်ရေသွန်းလောင်းပူဇော်ကြကြောင်း သတင်းရရှိသည်။

 

0 comments: