Tuesday, May 21, 2013

တန်ဖိုးနည်း CDMA 800 ဖုန်းဆင်းကတ်များ မြိတ်မြို့တွင် ဒုတိယ အကြိမ် ရောင်းချ

၂၀၁၃ ခုနှစ် မေလ (၂၀) ရက်နေ့တွင် MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း မိုဘိုင်းဖုန်း ဆင်းကတ် များကို ဒုတိယအကြိမ်မြောက် ရောင်းချပေးလျက်ရှိရာ မြိတ်မြို့နယ်အတွင်း ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးများ၌ ဖုန်းကတ် လျှောက်ထားသူများအား ယနေ့ မေလ (၂၁) ရက်နေ့တွင် မဲဖောက် ရောင်းချပေးလျက် ရှိသည်။ 


ဒုတိယအကြိမ်အဖြစ် မြိတ်မြို့အတွက် ရရှိသည့် ဖုန်းကတ် ခွဲတမ်းမှာ (၅၀၀) ကတ်ဖြစ်ပြီး ဌာနဆိုင်ရာ ၀န်ထမ်းများအတွက် (၂၀၀) ကတ် ၊ ပြည်သူ လူထုအတွက် (၃၀၀) ကတ်သာ ခွဲတမ်းရရှိသဖြင့် ပြည်သူ လူထုများ သုံးစွဲနိုင်ရေး အချိုးကျ ခွဲဝေမှုအရ ရပ်ကွက် / ကျေးရွာ ကြီးများ ဖြစ်သည့် မြိတ်တောင် ရပ်ကွက်/ အလယ်ကျွန်း ရပ်ကွက်၊ ကန်ဖျားရပ်ကွက်၊ ရေပုန်းရပ်ကွက် ၊ ကလွင်ကျေးရွာ၊ စန္ဒ၀တ်ကျေးရွာ၊ ကျောက်ဖျာ ကျေးရွာ၊ မြိတ်တောင် ကျေးရွာ တို့မှာ (၂၇) ကတ်နှုန်းဖြင့်လည်းကောင်း၊ ရပ်ကွက်ငယ်များဖြစ်သည့် ကန်ကြီးရပ်ကွက်၊ ထားဝယ်စုရပ်ကွက်၊ မြစ်ငယ်ရပ်ကွက်၊ ကန်ခေါင်းရပ်ကွက်၊ နောက်လယ်ရပ်ကွက်၊ ဈေးတန်း ရပ်ကွက် တို့တွင် (၁၃) ကတ်နှုန်းဖြင့်လည်းကောင်း၊ တလိုင်းစု ရပ်ကွက် ၊ ဆိပ်ငယ် ရပ်ကွက်တို့တွင် (၈) ကတ်နှုန်းဖြင့် လည်းကောင်း ခွဲတမ်းရရှိကာ ယနေ့တွင် မဲဖောက် ရောင်းချပေးလျက် ရှိကြောင်း သတင်းရရှိသည်။



0 comments: