Sunday, May 12, 2013

မြိတ်-တနင်္သာရီ-မောတောင် မော်တော်ယာဉ်လိုင်းသစ် စတင်ပြေးဆွဲမည်


တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောင်တောင်နယ်စပ်ကုန်သွယ်ရေး စခန်းကို မေလ(၈)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ မြိတ်မြို့နှင့် တနင်္သာရီမြို့နယ်တို့တွင် နေထိုင် ကြသော ဒေသခံ ပြည်သူများ မောင်တောင်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောတောင်ဒေသသို့ စီးပွားရေးလုပ်ငန်းများလုပ်ကိုင် ရန်၊ အလုပ်အကိုင်အသစ်များရှာဖွေနိုင်ရန်အတွက် မြိတ်-တနင်္သာရီ-မောတောင်သို့ ပြည့်ငြိမ်းချမ်းအမည်ဖြင့် မော်တော်ယာဉ် လိုင်းသစ်ကို မေလ (၁၂)ရက်နေ့ နံနက်ပိုင်းမှစ၍ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သိရှိရသည်။ 

အဆိုပါ ယာဉ်လိုင်းသည် လူစီးသီးသန့် TV AIR CON BUS မော်တော်ယာဉ်ဖြစ်ပြီး မြိတ်မြို့မှ တနင်္သာရီ မြို့(၈၀၀၀)ကျပ်၊ တနင်္သာရီမြို့မှမောတောင်(၈၀၀၀)ကျပ်နှင့် မြိတ်မြို့မှ မောတောင်သို့ (၁၅၀၀၀)ကျပ်ဖြင့် စီးနင်းနိုင်ပြီး ကြိုတင်လက်မှတ်များ ၀ယ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

1 comments:

ကျောက်ဆူး said...

မြိတ်မြို့ အကြောင်းလေး တတ်နိုင်သလောက်ရေးပေးပါလား
သမိုင်း ပန်းခြံဟာမျိုး ဘာသာသုံး ဓလေ့သုံးလေးတွေ မြိတ်မြို့ခံစကားပုံလေးတွေ ရှူခင်လေးတွေပေါ့