Tuesday, May 14, 2013

မြိတ်မြို့ နောက်လယ်(၆)လမ်းတံတား အကြီးစား ပြင်ဆင်

မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူများသွားလာရေး အဆင်ပြေချောမွေ့စေရေး အတွက် ရေနံမြေရပ် ကမ်းနားလမ်းနှင့် နောက်လယ်ရပ် (၆)လမ်းတို့ကို ဆက်သွယ်ထားသည့် ဘုရားကိုင်ချောင်းကူး နောက်လယ်(၆)လမ်းတံတား ချို့ယွင်းလျက်ရှိရာ အကြီးစားပြင်ဆင်ခြင်း လုပ်ငန်းကို ( ၁၀-၅-၂၀၁၃ )ရက်နေ့တွင် စတင်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ တံတားသည် သစ်သားတံတားဖြစ်၍ အရှည်(၁၈)ပေ၊ အကျယ်(၂၂၀)ပေရှည်သော တံတားဖြစ်ပြီး (၁၀)နှစ်နီးပါးကြာမြင့်ပြီဖြစ်သောကြောင့် သစ်သားများဆွေးမြည့် ချို့ယွင်းလျက် ရှိရာ ပြည်သူများ အသုံးပြုမှု များသော တံတားဖြစ်သည်။ ပြည်သူများ သွားလာမှုအဆင်ပြေရေး အတွက် မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အင်ဂျင် နီယာမှူး ဦးနေမျိုးမှ ကြီးကြပ်ပြီး အငယ်တန်းအင်ဂျင်နီယာ(၂) ဦးသန်းထွန်းဦးနှင့် ၀န်ထမ်းများမှ မြိတ်မြို့နယ် စည်ပင် သာယာ ရေး အဖွဲ့ ရန်ပုံငွေဖြင့် ကျပ် (၂၇၀) သိန်း အကုန်ကျခံ၍ မေလကုန်အပြီး ဆောင်ရွက် သွားမည်ဖြစ်ကြောင့် ပြည်သူများ ရာသီမရွေး သွားလာရာတွင် ပိုမိုအဆင်ပြေနိုင်ကြောင်း သတင်းရရှိသည်။

http://www.facebook.com/myeiknews

0 comments: