Friday, May 17, 2013

မလေးရှား နိုင်ငံ စီးပွားရေး လုပ်ငန်း ရှင်များနှင့် မြိတ်ရေနက်ဆိပ်ကမ်း စီမံကိန်း လုပ်ငန်းရှင်များ ဆွေးနွေး



မလေးရှားနိုင်ငံ Sheiphia Holdings Sdn Bhd (706267.A) Agromax-Ultar Max-Double Star-Farmer ကုမ္ပဏီမှဦးစီးသော စီးပွားရေးလုပ်ငန်းရှင်များနှင့် မြိတ်ရေနက်ဆိပ်ကမ်း ပြင်းငယ်-ဘုရားထွက် စက်မှုဇုန် စီမံကိန်းလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို မေ ၁၄ရက် မွန်းလွဲ ၂နာရီအချိန်တွင် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ကုန်သည်ကြီးများဟိုတယ် တတိယထပ် စီးပွားရေးစင်တာခန်းမ၌ ကျင်းပရာ မလေးရှားနိုင်ငံ လန်ကာဝီဆိပ်ကမ်းစီမံကိန်း စီးပွားရေး လုပ်ငန်းရှင်များနှင့် မြိတ်ရေနက် ဆိပ်ကမ်း ပြင်းငယ်-ဘုရားထွက် စက်မှုဇုန် The New Light Shpping Line မြန်မာကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာများ ၊ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။


ရှေးဦးစွာ ရန်ကုန်တိုး ရေနက် ဆိပ်ကမ်းနှင့် မြိတ်ရေနက် ဆိပ်ကမ်း စီမံကိန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးတာနိုင် (ဇွန်မောင်မောင်) ဥက္ကဋ္ဌ အလင်းသစ်စပိဘုတ် ရှပ်ပြေး အမြန်ရေယာဉ် လိုင်းသစ်(ရန်ကုန်)နှင့် မလေးရှားနိုင်ငံ Sheiphia Holdings Sdn Bhd (706267.A)  CEO Dr.Edrahim Mohammed Haroon (ကိုယ်စား) မြန်မာနိုင်ငံ ဌာန ကိုယ်စားလှယ် ဒေါက်တာဒေါ်နုနုရီတို့က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားပြီး မလေးရှားနိုင်ငံ လန်ကာဝီ ဆိပ်ကမ်းနှင့် မြိတ်ရေနက်ဆိပ်ကမ်း အခွန်လွတ် အာဆီယံရေကြောင်း ကုန်သွယ်မှု စာချွန်လွှာ ရေးထိုးခြင်းနှင့် မြိတ်ရေနက်ဆိပ်ကမ်းစီမံကိန်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄၄၄၀သန်းကို ပထမအကြိမ် ၂၀၁၄ ခုနှစ် ဇွန်လတွင်း ၂၂၂၀သန်း၊ ဒုတိယအကြိမ် ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ၁၁၁၀သန်း၊ တတိယအကြိမ် ၂၀၁၆ ခုနှစ် မေလတွင် ၁၁၁၀သန်း ရင်းနှီးမြှုပ်နှံ၍ မြိတ်ရေနက် ဆိပ်ကမ်းစီမံကိန်းကို ငါးနှစ်အတွင်း လုပ်ငန်း ပဏာမအောင်မြင်အောင် လုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ အချက်အလက် မှတ်တမ်းများနှင့် ရင်းနှီးမြှုပ်နှံမှု အသေးစိတ်ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကြောင်း သိရသည်။

(စံပ္ပါယ်ဖြူကျော်)
မေ(၁၇)ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ (၁၇)

0 comments: