Tuesday, May 28, 2013

ပုလောမြို့နယ်တွင် အထူးကု ဆရာဝန်ကြီးများ အခမဲ့ ကွင်းဆင်း ကုသ

တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ သွားနှင့် ခံတွင်းဆိုင်ရာ ဆေးကောင်စီတို့ ပူးပေါင်း၍ ထူးဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီမှုဖြင့် အထူးကု ဆရာဝန်ကြီး ဒေါက်တာ ခင်မောင် ဦးဆောင်သည့် အဖွဲ့ဝင် (၃၅) ဦးပါရှိသော အထွေထွေ ရောဂါ စောင့်ရှောက်ရေး လုပ်ငန်း အဖွဲ့သည် ၂၀၁၃ ခုနှစ် မေလ (၂၇) ရက်နေ့နှင့် (၂၈) နေ့များတွင် ပုလောမြို့ ပြည်သူ့ဆေးရုံကြီး၌ ပြည်သူလူထု များအား အခမဲ့ ဆေးဝါးကုသပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကုသပေးခဲ့ရာတွင် အထွေထွေ ရောဂါ ဝေဒနာရှင် (၁၁၀၀) ဦး၊ သွားနှင့် ခံတွင်း ဝေဒနာရှင် (၁၅၃၅) ဦးတို့အား စမ်းသပ် ကုသ ပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments: