Tuesday, May 14, 2013

အောင်ပွဲရ မြိတ်ခရိုင် အမျိုးသမီးဘောလုံး အားကစားသမားများအား ဂုဏ်ပြု


တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၃)ခရိုင်အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် “ပထမ” ဆုရရှိခဲ့သော မြိတ်ခရိုင်အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို မေလ (၁၃)ရက် နေ့လည် (၃)နာရီတွင် ကျွန်းရတနာ ခန်းမတွင် ကျင်းပရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးမှ ဂုဏ်ပြု အမှာစကား ပြောကြားသည်။


ယင်းနောက် ပြိုင်ပွဲဝင် အားကစား သမားများ၏ ပြိုင်ပွဲ အတွေ့အကြုံများကို မြိတ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းရှိန်မှ ရှင်းလင်းတင်ပြသည်။ ထိုနောက် အားကစားသမား များမှ တစ်ဦးချင်း မိတ်ဆက်ကြသည်။ အဆိုပါပြိုင်ပွဲတွင် မြိတ်ခရိုင် အသင်းအနေဖြင့် ဂိုး-အကောင်းဆုံးဆု၊ အနောက်တန်း အကောင်းဆုံးဆု၊ ရှေ့တန်း အကောင်းဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစား သမားဆုကို ရရှိခဲ့ပါသည်။

ဆက်လက်၍ အောင်ပွဲရ မြိတ်ခရိုင် အမျိုးသမီး ဘောလုံး အားကစားသမားများအား မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး၊ (မြိတ်)အများ ပိုင်ကော်ပိုရေးရှင်း လီမိတက်၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့မှ ဂုဏ်ပြုဆုငွေ စုစုပေါင်း ၁၂၅၀၀၀၀ိ/- ချီးမြှင့်ခဲ့ကြရာ အားကစားသမား တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

0 comments: