Wednesday, May 29, 2013

နှစ်နိုင်ငံ နယ်ခြားမျဉ်း တိုင်းတာရေး သဘောတူ စာချုပ် ချုပ်ဆို

နယ်နမိတ် အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိသည့် တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီမြို့နယ် မောတောင် ဒေသ နှင့် ထိုင်းနိုင်ငံ ပရာကျွတ်မြို့ တို့ရှိ နှစ်နိုင်ငံ နယ်ခြားမျဉ်း တိုင်းတာရေး သဘောတူ စာချုပ် လက်မှတ် ရေးထိုးခြင်း အား ၂၀၁၃ခုနှစ် ၊ မေလ (၂၈) ရက်နေ့ တွင် ထိုင်းနိုင်ငံ ပရာကျွတ်မြို့ ဒန်းစီးခွန်း ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 


ထို နှစ်နိုင်ငံ နယ်စပ် နယ်ခြားမျဉ်း တိုင်းတာရေး သဘောတူ စာချုပ်အား မြန်မာနိုင်ငံဘက်က ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစောလှနိုင်နှင့် ထိုင်းနိုင်ငံ ဘက်က ထိုင်းမြေတိုင်းဌာနမှ Mr Narong Chaiari တို့ တက်ရောက် လက်မှတ်ရေးထိုး ခဲ့ကြောင်း သတင်းရရှိပါသည်။


0 comments: