Thursday, May 16, 2013

မြိတ်ခရိုင် ဒေသဆိုင်ရာ ပညာရေး ဆွေးနွေးပွဲ ပြုလုပ်မည်




ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER ) မှ ကြီးမှူး၍ မြိတ်ခရိုင်ဒေသလုံးဆိုင်ရာ ပညာရေး ဆွေးနွေးပွဲ (၁၉-၅-၂၀၁၃) ရက်နေ့ နံနက် (၀၈၀၀) နာရီအချိန်တွင် မြိတ်မြို့ ဘုရားကိုးဆူရပ် ကြံတောလမ်းရှိ ဦးစောဂျက် မင်္ဂလာခန်းမတွင်ပြုလုပ်သွားမည် ဖြစ်ရာ မြိတ်ခရိုင်အတွင်းရှိ ပညာရေး ပြုပြင် ပြောင်းလဲမှုကို စိတ်ဝင်စားသည့် ကွန်ယက်များ၊ နိုင်ငံရေးပါတီများ ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဆရာ / ဆရာမများနှင့် အခြား စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရှိရသည်။ 


အဆိုပါ ဆွေးနွေးပွဲတွင် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများ၏ ပညာရေး ဆိုင်ရာ ကဏ္ဍ စီမံခန့်ခွဲမှု၊ သင်ရိုးညွှန်းတမ်းများ၊ သင်ကြားခြင်း၊ သင်ယူခြင်းနှင့် စစ်ဆေးခြင်း၊ ဆရာ/ ဆရာမများ၏ အရည်အချင်း မြင့်မားရေး၊ ကျောင်းပြင်ပ ပညာရေး စသည့် ခေါင်းစဉ်များအား ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ပညာရေး ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုသူများ အနေဖြင့် ကိုဥက္ကာမင်း - ဖုန်း ၀၉၇၃၇၀၃၅၀၇၊ ဒေါက်တာ ကျော်စွာဦး ၀၉၄၂၂၁၉၅၆၀၆၊ ကိုအောင်နိုင်ဦး ဖုန်း -၀၉၄၂၂၂၁၁၂၁၂၊ ကိုဖြိုးဝင်းထွန်း ဖုန်း - ၀၉၅၆၄၀၇၅၈၊ ကိုစိုးပိုင်ဌေး ဖုန်း ၀၉၄၁၀၀၅၅၉၂ သို့ဆက်သွယ်မေးမြန်း နိုင်ပါကြောင်း သတင်းရရှိသည်။



0 comments: