Sunday, May 12, 2013

မြိတ်မြို့၌ ကလေးဗဟိုပြု သင်ယူမှုချည်းကပ်နည်းဖြင့် လေ့ကျင့်သင်ကြားရေး မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်

၂၀၁၃-၂၀၁၄ပညာသင်နှစ် ကလေးဗဟိုပြု သင်ယူမှုချည်းကပ်နည်းဖြင့် လေ့ကျင့် သင်ကြားရေး မြို့နယ် အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို မေလ(၁၂)ရက် နံနက် (၈)နာရီတွင် အထက(၁)စံပယ် ခန်းမတွင် ကျင်းပရာ မြိတ်ခရိုင်ပညာရေးမှူး ဒုတိယညွှန်ကြားရေး မှူး ဦးကြည်သန်းက အမှာစကားပြောကြား သည်။

ယင်းနောက် မြိတ်မြို့နယ်ပညာရေးမှူး ဦးဗိုလ်မောင်နှင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ် ပညာရေး ကော့လိပ်မှ လက်ထောက်ကထိက ဒေါ်အေးအေးတို့က ၂၀၁၃ခုနှစ်မှစ၍ မူလတန်း အဆင့် ကလေးဗဟိုပြု သင်ယူမှုချည်းကပ်မှု CCA သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ကြပြီး အခမ်းအနား ရုပ်သိမ်းသည်။

အဆိုပါသင်တန်းကို မြိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ (၆၅၀)ဦးတက် ရောက်ကြပြီး သင်တန်းကာလမှာ (၁၂)ရက် ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments: