Tuesday, May 14, 2013

ကျွန်းစုမြို့၌ ကမ္ဘာ့ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအမှတ်အခမ်းအနား ကျင်းပ

၂၀၁၃ခုနှစ် ကမ္ဘာ့ငှက်ဖျား ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မေလ (၁၃)ရက် နေ့လည် (၂)နာရီတွင် ကျွန်းရတနာခန်းမ၌ ကျင်းပရာ ကျွန်းစုမြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး ဦးကံဝင်းမှ အမှာ စကား ပြောကြားသည်။

ယင်းနောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ၀င်းဇော်ဦးက ကမ္ဘာ့ငှက်ဖျား ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး URC လုပ်ငန်း ဒါရိုက်တာ ဒေါက်တာ သင်းသင်းချစ်မှ လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ကမ္ဘာ့ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပညာပေး တစ်ခန်းရပ် ပြဇာတ် တင်ဆက် သူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ပြီး URC ကျွန်းစုမြို့နယ် တာဝန်ခံဒေါက်တာ ကျော်ဇော်လတ်မှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

0 comments: