Sunday, May 19, 2013

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ ၊ ကာတွန်း၊ ပိုစတာ ၊ ကွန်ပျူတာ ပန်းချီ ပြိုင်ပွဲ မြိတ်မြို့၌ ကျင်းပ

မြိတ်ခရိုင် ရဲတပ်ဖွဲ့မှ ကြီးမှူး၍ ၂၀၁၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် (၁၆)ကြိမ် မြောက် ပန်းချီ ၊ ကာတွန်း၊ ပိုစတာ ကွန်ပျူတာ ပန်းချီ ပြိုင်ပွဲကို မေလ(၁၉)ရက် နံနက်(၉)နာရီတွင် အထက(၁) စံပယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။ 


အဆိုပါ ပြိုင်ပွဲကို အခြေခံ ပညာ ကျောင်းသား ကျောင်းသူများမှ ပန်းချီ ပြိုင်ပွဲ တွင် (၃၈)ဦး၊ ကာတွန်း ပြိုင်ပွဲတွင်(၂၃)ဦး၊ ပိုစတာပြိုင်ပွဲတွင်(၁၄)ဦး၊ ကွန်ပျူတာ ပန်းချီ ပြိုင်ပွဲတွင် (၇)ဦး စုစုပေါင်း (၈၂)ဦး ပါဝင် ယှဉ်ပြိုင် ကြပြီး မူးယစ် ဆန့်ကျင် အောင်ပွဲဆင်၊ မင်းဘ၀ မင်းမိသားစု မင်းပတ်ဝန်းကျင် လုံခြုံဖို့ မူးယစ်ဆေးကို ရှောင်ကြစို့၊ ကျန်းမာပျော်ရွင် မူးယစ်စင်သည့် လူ့ဘ၀ဖြစ်လာဖို့ တစ်ကမ္ဘာလုံး ၀ိုင်းဝန်းဆောင်ရွက်စို့၊ အားကစားမြှင့်တင် စိတ်လန်းရွင် ဆန့်ကျင် မူးယစ်ဆေး၊ တန်ဖိုးရှိလှလူငယ်ဘ၀ မူးယစ် ကင်းစင်ကျန်းမာမှ ဆိုသည့် ခေါင်းစဉ်များဖြင့် ပြိုင်ပွဲဝင်ကြသည်။ 

ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများအား (၂၆)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဇွန်လ(၂၆)ရက်နေ့ အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အခမ်းအနားသို့ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးရွှေညာမောင်၊ တနင်္သာရီတိုင်း ဒေသကြီး မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း အတွင်းရေးမှူး ဦးခင်ငွေနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ကြည့်ရှု အားပေးခဲ့ကြောင်း သတင်း ရရှိသည်။


0 comments: