Sunday, May 19, 2013

ကလင်ဘန်းကျေးရွာ၌ အခမဲ့ ကွင်းဆင်း ဆေးကုသ ***

( မြိတ် မေ ၁၉ ရက် )
မြိတ်မြို့ သံသရာအေးဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဆရာတော် မဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တ သုဇာတနှင့် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးတို့ ဦးဆောင်သော (၅/၁၀၀) တပ်မတော်ဆေးရုံမှ အထူးကုပါရဂူကြီးများနှင့် အထူးကု ဆရာဝန်ကြီးများမှ မေလ(၁၉)ရက် နံနက်(၈)နာရီတွင် မြိတ်မြို့နယ် အင်္ဂမော်ကျေးရွာအုပ်စု ကလင်ဘန်းကျေးရွာ ဘုန်းတော် ကြီးကျောင်၌ အခမဲ့ ကွင်းဆင်း ဆေးကုသသည်။
အဆိုပါ ကွင်းဆင်းဆေးကုသအဖွဲ့သည် အင်္ဂမော်ကျေးရွာအုပ်စု ကလင်ဘန်းကျေးရွာ အနီးအနားရှိ ကျေးရွာများမှ ကျေးရွာသူ/သား (၁၅၂)ဦးအား ခွဲစိတ်အထူးကုဆရာဝန်၊ အထွေထွေရောဂါကု ဆရာဝန်ကြီး၊ သွားအထူးကုဆရာဝန်၊ ကလေးအထူးကုဆရာဝန်များနှင့် သူနာပြုများက ကျန်းမာရေး ဆေးစစ်ပေးပြီး အခမဲ့ ဆေးကုသပေးကြ၍ ဆေးဝါးများ အခမဲ့ပေးဝေခဲ့သည်။
အင်္ဂမော်ကျေးရွာအုပ်စု ကလင်ဘန်းကျေးရွာသည် အိမ်ခြေ(၁၀၀)ခန့်ရှိသော ရွာဖြစ်၍ မြိတ်မြို့မှ (၁၈)မိုင်ခန့်ကွာဝေးပြီး အင်္ဂမော်ကျေးရွာအုပ်စုတွင် ကျေးလက်ကျန်းမာရေးဌာနရှိပြီး အရေးပေါ်လူနာများ မြိတ်မြို့ ဆေးရုံကြီးများသို့ ဆေးကုသမှုခံယူရန် မော်တော် ကား၊ မော်တော် ဆိုင်ကယ်ဖြင့် (၁)နာရီခန့်သွားရသော ကျေးရွာဖြစ်ကြောင်းသိရသည်။ ယခုကဲ့သို့ အထူးကု ဆရာဝန်ကြီးများက ကျေးရွာပြည်သူများအပေါ် ထိထိ ရောက်ရောက် အခမဲ့ကွင်းဆင်း ဆေးကု သပေးခြင်းသည် ကျေးရွာ ပြည်သူများ များစွာအကျိုးရှိကြောင်းနှင့် ပြည်သူများ ၀မ်းသာပီတိဖြစ်ရကြောင်း သတင်း ရရှိသည်။

0 comments: