Sunday, May 12, 2013

မြိတ်မြို့၌ အစိုးရဓမ္မစရိယနှင့် ပထမပြန်စာမေးပွဲများ ကျင်းပ

သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၀၃ခုနှစ် အစိုးရဓမ္မစရိယ နှင့် ပထမပြန်စာမေးပွဲများကို မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော် သာသနာ့ ဗိမာန်တော်တွင် ကျင်းပလျက်ရှိရာ အစိုးရဓမ္မာစရိယစာမေးပွဲကို မေလ(၂)ရက်မှ(၃)ရက်နေ့တွင် ပါဠိအဌကထာကျမ်း၊ မေ(၄)ရက်မှ(၅)ရက်တွင် သီလက္ခန္ဒ၀ဂ္ဂပါဠိအဌကထာကျမ်း ၊ မေ(၆)မှ(၇) ရက်တွင် ဓမ္မသင်္ဂအဌကထာကျမ်း၊များကို ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း(၁၀၇)ပါး ၀င်ရောက်ဖြေဆိုခဲ့ကြသည်။

ပထမပြန်စာမေးပွဲများကို မေလ(၈)ရက်မှ(၁၄)ရက်နေ့အထိဖြေဆိုမှာဖြစ်ပြီး ပထမငယ်တန်း တွင်(၅) ဘာသာ၊ ပထမလတ်တန်းတွင်(၆)ဘာသာ၊ ပထမကြီးတန်းတွင် (၇)ဘာသာ ဖြေဆိုရ မည်ဖြစ်ကာ ယနေ့အထိ ဖြေဆိုလျက်ရှိသော ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်းမှာ (၁၇၄)ပါးဖြေဆိုလျက်ရှိသည်။
အဆိုပါ အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများကို သြ၀ါဒစရိယဆရာတော်(၇)ပါး၊ အထူးကြီးကြပ် ရေးဆရာတော်(၅)ပါး၊ ဓမ္မစရိယစာမေးပွဲကြီးကြပ်ရေးဆရာတော်(၅)ပါးနှင့် ပထမပြန်စာမေးပွဲကြီးကြပ်ရေး ဆရာတော်(၁၀)ပါးတို့မှ ကြီးကြပ်ဆောင်ရွက်ကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လေးကျွန်းဆီမီးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့မှ ပံ့ပိုးဆောင် ရွက်လျက်ရှိသည်။

အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲဝင်ရောက်ဖြေဆိုကြသော ရဟန်း၊ သာမဏေ၊ သီလရှင်နှင့် ကြီးကြပ်ရေးဆရာတော်များကို စာမေးပွဲကျင်းပသည့်နေ့များ၌ စေတနာရှင် အလှူရှင်များက နေ့ဆွမ်းနှင့် အအေးများ ဆက်ကပ်လှူဒါန်းကြကြောင်း သတင်းရရှိသည်။

0 comments: