Wednesday, May 15, 2013

မောတောင်ဒေသတွင် လူသတ်ပြီး ထွက်ပြေးသည့် တရားခံ ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူ



တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာ အုပ်စု၊ မောတောင်ကျေးရွာတွင် (၁၀-၅-၂၀၁၃) ရက်နေ့ ညနေ(၅)နာရီအချိန်ခန့်တွင်  ရွာနှင့် (၃)မိုင်ခန့် ဝေးသည့်  ရော်ဘာခြံ၌  အလုပ်လုပ်သည့်  အောင်စိုး နှင့် အုန်းလွင် တို့သည် အလုပ် ပြသနာ ဖြစ်ပြီး အောင်စိုးမှ အုန်းလွင်အား တောခုတ်ဒါးဖြင့် ခုတ်သတ်ထားခဲ့ပြီး အောင်စိုးမှာ ထွက်ပြေး တိမ်းရှောင် သွားသဖြင့် အုန်းလွင်၏ မိခင် ဒေါ်ရင်ကြည်မှ တိုင်တန်းသဖြင့် တနင်္သာရီ ရဲစခန်း (ပ)၂၇/၂၀၁၃၊ ပုဒ်မ-၃၀၂ ဖြင့် ရေးဖွင့်ပြီး အောင်စိုးအား အရေးယူစုံစမ်းခဲ့ကြောင်း သိရှိသည်။
 
သတင်း စုံစမ်းဖော်ထုတ်ချက် အရ အောင်စိုးမှာ ၄င်းပိုင်ဆိုင်သော ဆိုင်ကယ်ဖြင့် မောတောင်မှ တနင်္သာရီသို့ လည်းကောင်း၊ ထိုမှတဆင့် တနင်္သာရီမှ မြိတ်မြို့သို့ ခရီးသည်တင် မှန်လုံကားဖြင့် ထွက်ခွါလာကြောင်း သတင်း အရ မြိတ်ခရိုင် အထူး မှုခင်းနှိမ်နင်းရေး အဖွဲ့မှ ရဲအုပ်ချိုလွင် ဦးစီး အဖွဲ့နှင့် ကျွဲကူး ရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်း ရရှိထားသည့် တနင်္သာရီမှ မြိတ်မြို့သို့ ထွက်ခွာ လာသော ငွေဖြိုးခိုင် (တနင်္သာရီ) ခရီးသည် ကားနံပါတ် ------------ အား မြိတ်မြို့နယ်၊ ရွှေဒူး ကျေးရွာတွင် တွေ့ရှိရသဖြင့် ရပ်တန့် စစ်ဆေး ရှာဖွေရာ ထွက်ပြေး တိမ်းရှောင်လာသည့် ခရီးသည် အောင်စိုးအား ဖမ်းဆီး ရမိပြီး စစ်ဆေးခဲ့ရာ လူသတ်မှု ကျူးလွန်ကြောင်း ၀န် ခံထွက် ဆိုသည့် ရဲစခန်းတွင် ဖမ်းဆီး အရေးယူ ထားကြောင်း သတင်း ရရှိပါသည်။

1 comments:

Unknown said...

ရာဇဝတ်ဘေးပြေးမလွတ်ပါ။ပြစ်မှုကျုးလွန်သူများခိုအောင်းနိုင်သည့်နေရာမရှိစေရေးအတွက် ပြည်သူတရပ်လုံးမှရဲတပ်ဖွဲ့နှင့်လက်တွဲပြီးဝိုင်းဝန်းကူညီဖော်ထုတ်ကာသတင်းပေးပို့ကြပါ။