Tuesday, May 14, 2013

မူးယစ်ဆေးဝါး သုံးစွဲပြီး ရေထဲ ခုန်ချ



၂၀၁၃ ခုနှစ် မေလ ၁၃ ရက်နေ့ ညနေ (၄)နာရီ ခွဲခန့် အချိန်တွင် ရေကန်အော် ကျေးရွာမှ ပန်းဇင်ကျေးရွာသို့ ခုတ်မောင်းလာသော စက်လှေ တစ်စီးသည်  စမုံဂလက် အရောက် ရေထဲတွင် လူတစ်ယောက် ကူးခတ်နေသည်ကို မြင်တွေ့ရသဖြင့် ကယ်ဆယ်ခဲ့ပြီးနောက် စုံစမ်း မေးမြန်းခဲ့ရာ ၄င်းမှာ ကိုလတ် (ဘ) ဦးကျော်စိန်၊ အသက် (၂၉) နှစ် ဖြစ်ပြီး ရေကန်အော် ကျေးရွာမှ မြိတ်သို့ ရေကန်အော် ကျေးရွာနေ ဒေါ်ဝေ ပိုင်ဆိုင်သည့် ခရီးသည်တင် စက်လှေဖြင့် လာစဉ် ညနေ (၃)နာရီ (၄၅)မိနစ် အချိန်ခန့် စမုံဂလက် အရောက် ရေထဲသို့ ခုန်ဆင်းခဲ့ကြောင်း၊ ထိုနောက် ရေထဲတွင် တစ်နာရီခန့် ကူးခပ်နေခဲ့ကြောင်း ၊ ၄င်းမှာ မူးယစ်ဆေးဝါး (ဘိန်းစာမှုန့်) သုံးစွဲမိသဖြင့် စိတ်ချောက်ခြားပြီး ရေထဲ ခုန်ဆင်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ 


အဆိုပါ ကိုလတ်အား ကျွန်းစု မြို့နယ် သဇင် ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ယူ၍ ပန်းဇင်ကျေးရွာတွင် ခေတ္တ ထိန်းသိမ်းထားကြောင်း သိရှိရသည်။

0 comments: