Thursday, May 16, 2013

HIV ပိုးဖြင့်နေထိုင်သူ ကိုယ့်အားကိုယ်ကိုး အဖွဲ့များ၏ ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

မြိတ်မြို့နယ်၊ ကလွင်ကျေးရွာ အုပ်စု တောရကျောင်းရပ် အေးသီရိလမ်းရှိ သံသရာအေးဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ အိပ်ခ်ျအိုင်ဗွီနှင့် နေထိုင်သူ ကိုယ့်အား ကိုယ်ကိုး အဖွဲ့များ၏ ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲနှင့် MPG ကွန်ယက် အသိပေး ညှိနှိုင်းဆွေးနွေးပွဲကို မေလ ၁၆ရက်နေ့မှ ၁၈ရက်နေ့အထိ ပြုလုပ်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ ဆွေးနွေးပွဲ ဖွင့်လှစ်ခြင်း အခမ်းအနားကို ၂၀၁၃ ခုနှစ် မေလ ၁၆ရက်နေ့ နံနက် (၀၉၀၀)နာရီ အချိန်တွင် ပြုလုပ်ကျင်းပရာ  မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရှန်၊ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၊ မြန်မာနိုင်ငံ အိပ်ခ်ျအိုင်ဗွီဖြင့် နေထိုင်သူများအဖွဲ့ (ကွန်ယက်) ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်၊ ထားဝယ်ခရိုင် အနာဂတ် အလင်းရောင် ဘ၀တူ ပံ့ပိုးကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ထွန်း၊  လူမှုရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် အခြား ဖိတ်ကြားထားသည့် ဧည့်သည်များ စုစုပေါင်း အင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့ ကြပါသည်။ 

အခမ်းအနားတွင် သံသရာအေးဆရာတော် မဟာသန္ဓမ္မဇောတိကဓဇဘဒ္ဒန္တ-သုဇာတနှင့် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးတို့က  အဖွင့်အမှာစကား ပြောကြား၍ အခမ်းအနား တက်ရောက်လာသူများမှ ညှိနှိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်း ကိစ္စနှင့် စပ်လျဉ်း၍ အပြန်အလှန် အကြံပြု ညှိနှိုင်းဆွေးနွေးကြပြီး အခမ်းအနားကို (၁၁၀၀)နာရီအချိန်တွင် ပြီးဆုံး သွားကြောင်း သတင်း ရရှိပါသည်။




0 comments: