Tuesday, September 10, 2013

လူကုန်ကူးမှု ကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာပေးဟောပြော

မြိတ်မြို့ အမျိုးသမီးအသက်မွေးပညာသင်တန်းကျောင်း၌ လူကုန်ကူးမှုကာကွယ်တားဆီးရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လည် (၁)နာရီတွင် အဆိုပါ သင်တန်းကျောင်း၌ ကျင်းပရာ ရှေးဦးစွာ မြိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီး အရာရှိ ဒေါ်လှလှဌေး မှ စာဖတ်ရှိန်မြင့်တင်ရေးနှင့် စာဖတ်ခြင်းဖြင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပုံကို ပညာ ပေး ဟောပြောသည်။



ဆက်လက်၍ world vision (မြိတ်)မှ စီမံချက်တာဝန်ခံ ဦးသက်ကောင်းမြတ်ဦးက မြိတ်မြို့ နယ်အတွင်း လူကုန်ကူးမှု ကာကွယ်တားဆီးရေးလုပ်ငန်းစီမံချက်များ ဆောင်ရွက်မှုနှင့် ပတ်သက်၍ ဟောပြောပြီး မြိတ်မြို့နယ် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စိတ်(မြိတ်)မှ ရဲအုပ် သက်နိုင် မှ လူကုန်ကူးမှုဆိုင်ရာ ဥပဒေများအကြောင်း၊ လူကုန်ကူးမှု ကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လူကုန်ကူးမှုနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ခဲ့မှုများကို မှတ်တမ်း ဓါတ်ပုံ များဖြင့် ပညာပေးဟောပြောသည်။

ထိုနောက် သင်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်မော်မော်ဦးက ကျေးဇူးတင် စကား ပြန်လည် ပြောကြားခဲ့သည်။ အခမ်းအနား အပြီးတွင် ပညာပေးလက်ကမ်း စာစောင်များ ဝေငှခဲ့ပြီး စာဖတ်ရှိန် မြင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့၍ စာအုပ်စာစောင်များ ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။

Iprd Myeik

0 comments: