Sunday, September 1, 2013

မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ ၊ ကာတွန်း ၊ စာစီစာကုံး ပြိုင်ပွဲ ကျင်းပ

မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ ၊ ကာတွန်း ၊ စာစီစာကုံး ပြိုင်ပွဲကို စက်တင်ဘာလ(၁)ရက် နံနက်(၉)နာရီတွင် အထက(၃)မြိတ် ပညာရတနာခန်းမတွင် ကျင်းပရာ အထက်တန်း၊ အလယ်တန်းကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြသည်။



အဆိုပါပြိုင်ပွဲကို လူကုန်ကူးမှု တိုက်ဖျက်ရေး တို့တွေပါဝင် ကူညီပေး ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲတွင် (၂၃)ဦး၊ စာစီစာကုံးပြိုင်ပွဲတွင်(၄၆)ဦး၊ ကာတွန်းပြိုင်ပွဲတွင် (၂၉)ဦး ယှဉ်ပြိုင်နေမှုအား မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြ ကြောင်း သတင်းရရှိသည်။
iprd myeik

0 comments: