Sunday, September 15, 2013

မြိတ်မြို့ မြိတ်တောင်ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ နာရေး အထောက်အကူပြုအဖွဲ့ နှစ်ပတ်လည် သင်းလုံးကျွတ် စည်းဝေးပွဲ ပြုလုပ်

အသင်းဝင်ပေါင်း (၅၅၀) ကျော်ရှိပြီး အသင်းဝင် မိသားစုဝင်ပေါင်း (၃၀၀၀) ကျော်တို့၏ နာရေး ကိစ္စများကို အထောက်အကူပြု ဆောင်ရွက်ပေးနေသော မြိတ်မြို့ မြိတ်တောင် ရပ်ကွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ နာရေး အထောက်အကူပြု အဖွဲ့ နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးကို ၂၀၁၃ခုနှစ်၊ စက်တင်ဘာလ (၁၅)  ရက်နေ့ နေ့လည် (၁)နာရီ အချိန်တွင် မြိတ်မြို့ မြိတ်တောင်ရပ်ကွက် ဘုရားကိုင် ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ကျင်းပရာ အသင်းဝင် (၄၀၀) ဦးကျော် တက်ရောက်သည်။



 
အခမ်းအနားတွင် နာရေး အထောက်အကူပြု အဖွဲ့ နာယက တနင်္သာရီတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုး ပါတီ ကော်မတီဝင် ဦးအေးအောင်က ဂုဏ်ပြု နုတ်ခွန်းဆက် စကား ပြောကြားပြီးနောက် နာရေး အထောက် အကူပြု အဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းမြင့်က အမှာစကား ပြောကြားကာ အသင်း အတွင်းရေးမှူး ဦးမြ၀င်းက ငွေစာရင်း ရှင်းတမ်းများ ဖတ်ကြား ဆွေးနွေးသည်။ 

ထိုနောက် အစည်းအဝေး တက်ရောက်လာကြသူများက နာရေး အထောက်အကူပြု အဖွဲ့ တိုးတက်ရေး ကိစ္စရပ်များအတွက် ၀ိုင်းဝန်းဆွေးနွေးကြပြီး တစ်နှစ်တာ ငွေစာရင်းရှင်းတမ်းအား နှင့် အစည်းအဝေး ဆုံးဖြတ်ချက်များအား အတည်ပြုကာ အစည်းအဝေး ရုပ်သိမ်းကြောင်း သတင်းရရှိသည်။


မြိတ်တောင်ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ နာရေး အထောက်အကူပြု အဖွဲ့သည် အဖွဲ့ဝင်များနှင့် မိသားစုများ နာရေး ကိစ္စ ဖြစ်ပေါ်လာပါက ငွေကျပ် (၁)သိန်း(၅)သောင်း ကူညီပံ့ပိုးပေးပြီး လက်ရှိ အဖွဲ့၏ လက်ကျန် ရန်ပုံငွေမှာ (၅၂)သိန်းကျော် ရှိကြောင်း သိရှိရသည်။
 


0 comments: