Monday, September 30, 2013

မြစ်ရေကြီးမှုကြောင့် ချောင်းလမုရွာတွင် လူနေအိမ်အိမ်(၃၉)လုံး ယိမ်းယိုင်ပြိုကျ


တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာ အုပ်စုချောင်းလမုရွာသည် မြိတ်-တနင်္သာ ရီ- ဘုတ်ပြင်း -ကော့သောင်း ကားလမ်း ခရီးသည် များနေ့လည်စာ စားသုံးရန် တထောက်နားသည့် အိမ်ခြေပေါင်း (၃၅၀)ကျော်ရှိသော ရွာကြီးတစ်ရွာဖြစ်သည်။ ၄င်းရွာသည် ယခင်နှစ်က တနင်္သာရီမြစ်ရေကြီးမှုကြောင့် ကား လမ်းပေါ်သို့ မြစ်ရေ အနည်းငယ်သာကျော်သော်လည်း ၂၀၁၃ခုနှစ်၊ စက်တင်ဘာာလ (၂၄)ရက်နေ့မှစ၍ မိုးသည်း ထန်စွာရွာသွန်းမှု နှင့် င၀န်မြစ်ရေကြီးခြင်း တို့ကြောင့်ချောင်းလမုရွာ င၀ံချောင်းမြစ်ကမ်းနံဘေးရှိ အနိမ့်ပိုင်းနေရာ များတွင်စက်တင်္ဘာ(၂၆)အထိ သာမန်မြစ်ရေအထက်(၂၁ပေ) အထိလည်းကောင်း၊ အဓိက ကားလမ်းပေါ်တွင် (၄ပေ)အမြင့်ထိ မြစ်ရေရောက် ရှိခဲ့သဖြင့် အိမ်ခြေ (၁၉၄)စုရေကြီး နစ်မြှုပ်ခဲ့ရာ ကျား(၂၁၀)ဦး မ(၁၉၃)ဦး ပေါင်း (၄၀၃)ဦးတို့အား ချောင်းလမုရွာ မူလွန်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေး စခန်းများတွင် ပြောင်း ရွှေ့ နေထိုင်လျက်ရှိကြသည်။


မြစ်ရေသည် ရေပြန်လျော့ကျချိန် စက်တင်ဘာ(၂၈)ရက်နေ့တွင် ချောင်းလမု ရွာမြစ်ကမ်းနံဘေးရှိ ဓနိမိုး ထရံကာ ကြမ်းခင်း သစ်လုံးတိုင် အိမ်ခြေ(၃၉)လုံးသည် ယိမ်းယိုင် ပြိုကျပျက်စီးခဲ့သဖြင့် ရှေ့တန်းခြေ မြန် တပ်ရင်းအမှတ် (၅၉၄) ယာယီ တပ်ရင်းမှူး ဗိုလ်မှူးစိုးမင်းလွင် ဦးစီးလျက် တပ်ဖွဲ့ဝင်များ ရပ်မိရပ်ဖများ ပြည်သူ့စစ် အဖွဲ့ဝင်များနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းလျက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင် ရွက်ပေးလျက်ရှိသည်။

တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူ နှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများမှ ဆန် ဆီ နှင့်အခြား ကယ်ဆယ်ရေး ထောက်ပံ့ ပစ္စည်းများပေး အပ်ရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ ကြောင်း သတင်း ရရှိသည်။
IPRD MYEIK

0 comments: