Wednesday, September 18, 2013

ကော့သောင်း အကျဉ်းသားများ ပြောင်းရွှေ့

ကော့သောင်း အကျဉ်းထောင် တွင် စက်တင်ဘာ(၁၃) ရက်နေ့ ညပိုင်း ထောင်တွင်း ဆူပူမှုဖြစ် အပြီး စက်တင်ဘာ ၁၈ ရက် ညနေပိုင်းတွင် အာဏာပိုင်များ က အကျဉ်းသား (၁၀၀)ကျော်ခန့် ကို ထောင်ပြောင်းရွှေ့ခဲ့ကြောင်းသိရသည်။

ထောင်တွင်း ဆူပူမှုဖြစ်အပြီး ၀န်ကြီးဌာန နှင့် တိုင်းဒေသ ကြီး မှ တာဝန်ရှိသူများ စစ်ဆေး မှုများ ပြုလုပ်အပြီး ယနေ့ ညနေ ပိုင်းတွင် ကော့သောင်းမြို့ တော်ဝင်ဘောတံတားတွင် ဆိုက်ကပ် ထားသည့် ပြည်ဖြိုးထွန်း သဘောင်္ဖြင့် အကျဉ်းသားများ အား ရန်ကုန် အင်းစိန် အကျဉ်းထောင်သို့ ပြောင်းရွှေ့ ရန် ည (၇) နာရီခန့်တွင်သဘောင်္ ဆိပ်ကမ်းမှ ထွက်ခွာသွားကြောင်း သိရသည်။ အကျဉ်းသားများ ပြောင်းရွေ့ တာကို မိသားစုများကို အကြောင်း မကြားဘူး ဟု အကျဉ်းကျ အကျဉ်းသား တစ်ဦးရဲ့ မိသားစု မှ ပြောသည်။


ထောင်ပြောင်းမည့် အကျဉ်းသားတွေကို ကားနဲ့တင်ခေါ်လာပြီး တော်ဝင်ဆိပ်ကမ်း တံတားကနေ သဘောင်္ ပေါ် ကို ကရိမ်း နဲ့ လေးယောက်တစ်တွဲ တင် နေတာ တွေ့ရ ပြီး မိသားစုများ ကလည်း တံတား အပြင်ဖက် မှ အော်ဟစ်ငိုယို နေကျတာကို တွေ့ရပါတယ်။

ထိုသဘောင်္ဖြင့် ဆူပူမှုဖြစ်ပွား စဉ်က တာဝန်ကျ ထောင်ပိုင် နှင့် အကျဉ်းထောင် ၀န်ထမ်း အားလုံးကိုလည်း တပါတည်းခေါ် ဆောင် သွားပြီး ဌာနဆိုင်ရာ စုံစမ်းစစ်ဆေး အရေးယူ အပြစ်ပေး မှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကို ကော့သောင်း အကျဉ်းထောင် အသိုင်းအ၀ိုင်းမှ သတင်းတချို့ အရ သိရပါသည်။

နောက်ဆက်တွဲ သိရသည်မှာ စက်တင်ဘာလ (၁၇)ရက်နေ့ က ကော့သောင်းမြို့ ၊ဂါးဒင်း ဟိုတယ်တွင် နိုင်ငံရေး ပါတီတစ်ခုမှ ဦးဆောင် ၍ ထောင်တွင်း ဆူပူမှုနှင့် ပတ်သက် ၍ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ကို ပြုလုပ်ခဲ့ကြောင်း ၊ကော့သောင်း အကျဉ်းထောင် အတွင်း အကျဉ်းသားများ တွင် ထိုင်းနိုင်ငံသုံး GSM ဖုံးများ အရေအတွက် တော်တော်များ များ သိမ်းဆည်း ရမိ ကြောင်း ၊ ၀န်ထမ်းများ ၏ အကျင့်ပျက် မှုနှင့် အကျဉ်းသား မိသားစုဝင်များ ၏အကျင့်ဖျက် မှုတို့ လည်း ပါကြောင်း ၊ ထိုသို့ ထောင်ပြောင်းရွေ့ သဖြင့် မကျေနပ်သည့် မိသားစုများနှင့် ထောင်တွင်း ဆူပူမှု ဖြစ်စဉ် တလျှောက်လုံး တက်ကြွလုပ်ရှား နေသည့် နိုင်ငံရေး ပါတီ တစ်ခုမှ ဦးဆောင် ပြီး ရက်ပိုင်းအတွင်း မြို့ တွင်း ဆန္ဒဖေါ်ထုတ်ကြရန် အစီအစဉ်ရှိကြောင်း သိရပါသည်။

ကော့သောင်းသတင်းသမား
ဓာတ်ပုံ - ရွှေဟင်္သာစိုးလွင်

0 comments: