Monday, September 30, 2013

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် တနင်္သာရီမြို့နယ် ရေဘေးသင့် ပြည်သူများ နှင့် တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်


တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဌာန ဆိုင်ရာအကြီးအကဲများနှင့်အတူ စက်တင် ဘာလ(၂၉)ရက် နံနက်(၁၁း၃၀)နာရီတွင် တနင်္သာရီမြို့ မြို့နယ်ခန်းမ တွင် ယာယီဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူ များအား ရင်းရင်းနှီးနှီး တွေ့ဆုံအား ပေးစကားပြောကြားသည်။




ထိုနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရေကြီးနစ်မြုပ်အိမ်ထောင်စု အလိုက် ရေဘေးသင့် ပြည်သူများ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေး အပ်ခဲ့ပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ်က မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ၀င်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှင့်တွေ့ဆုံ၍ ရေကြီးနစ်မြုပ်၍ ပျက်စီးသွားသော မိုးစပါးများ အချိန်မီ ပြန်လည် စိုက်ပျိုးနိုင်စေရေး အတွက် တောင်သူများကို မျိုးစပါးများ ထောက်ပံ့ပေးနိုင်ရေး ဆွေးနွေး ညှိနှိုင်းခဲ့ပြီး ပျက်စီးသွားသော မိုးစပါးများအား တောင်သူများအား ထောက် ပံ့ပေးသွားမည်ဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ၀န်ကြီးချုပ်သည် တနင်္သာရီမြို့ ချောင်း ကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ပညာဒီပအား သွားရောက်ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ချောင်းကြီးကျောင်းတိုက် တွင် ယာယီဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူ များအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကားပြောကြား၍ ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ၀န်ကြီးချုပ်သည် အရှေ့မော်တုန်းကျေး ရွာတွင် ကျေးရွာအုပ်စုရှိ တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံရာ တောင်သူများက လယ်ဧကများ ရေကြီးနစ်မြုပ်မှု တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လယ်ဧကများ ရေကြီးနစ်မြုပ်မှု များကြောင့် ပျက်စီးသွားသော လယ်ဧကများ အချိန်မီ ပြန်လည် စိုက်ပျိုးနိုင်ရေး အတွက် မျိုးစပါးများကို ထောက်ပံ့ပေးသွား မည်ပြီး တနင်္သာရီမြို့နယ်အတွင်း ရှိ ရေကြီးနစ်မြုပ် ပျက်စီးသွားသော လယ်ဧကများပြန်လည် စိုက်ပျိုးနိုင်ရေး အတွက် မျိုးစပါးများ ထောက်ပံ့ ပေးအပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြိတ်-တနင်္သာရီ-ဘုတ်ပြင်း ကားလမ်းမပေါ်ရှိ ချောင်းလမုကျေးရွာသည် တနင်္သာရီမြစ်ရေနှင့် င၀န် မြစ်ရေများ မြစ်ရေကြီးပြီး ရေပြန်ကျချိန်တွင် လူနေအိမ်(၃၉)လုံး ယိုင်လဲပြိုကျပျက်စီးခဲ့သဖြင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်မှ နေအိမ်များ အသစ်ပြန်လည် တည်ဆောက်နိုင်ရန် အတွက် သစ်နှင့်အိမ် ဆောက်ပစ္စည်များ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။ တနင်္သာရီမြစ်ရေကြီးမှုကြောင့် မြို့နယ် အတွင်းရှိ ကျေးရွာများတွင် စာသင်ကျောင်း(၃၀)ကျောင်းကို ခေတ္တပိတ်ထား လျက်ရှိရာ မြစ်ရေပြန်ကျသွားသော ကျေးရွာများရှိ ကျောင်း ပေါင်း(၁၈)ကျောင်းမှာ ပြန်လည် ဖွင့်လှစ်လျက်ရှိပြီး ကျောင်းစာများ ပုံမှန်ပြန်လည် သင်ကြားလျက်ရှိကြောင်း သတင်းရရှိသည်။
IPRD MYEIK

0 comments: