Sunday, September 8, 2013

မြိတ်မြို့၌ ဥပဒေ အသိပညာပေး သင်တန်း ဖွင့်လှစ်

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ဥပဒေ အသိပညာပေးသင်တန်းကို စက်တင် ဘာလ(၆)ရက် နံနက်(၉)နာရီတွင် အဆိုပါဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မြိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ထွန်းဘော် က အမှာစကား ပြောကြားခဲ့ပြီး သင်တန်းစတင်၍ သင်ခန်းစာများ ပို့ချခဲ့သည်။


အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပညာရပ်များ၊ ဥပဒေပညာရပ်များ၊ တရားဥပဒေပညာရပ်များ၊ လ၀ကဥပဒေပညာရပ်များကို မြိတ်ခရိုင် လ၀က လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ထွန်းဘော်၊ ဒုတိယခရိုင် တရားသူကြီး ဦးတင်ထူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦး၊ မြို့နယ်ဥပဒေ အရာရှိ ဒေါ်အယ် စတာတောတို့က မြို့နယ်၊ မြို့နယ်ခွဲများမှ တရားစွဲဆိုမည့် ဒုတိယ လ၀ကမှူးနှင့်အထက် ၀န်ထမ်းများ အား သင်ကြားပို့ချပေးခဲ့ကြသည်။

၎င်းသင်တန်းကို မြိတ်ခရိုင် အတွင်းရှိ မြို့နယ်များနှင့် မြို့နယ်ခွဲတို့မှ သင်တန်း သား(၁၈)ဦးတက် ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ(၂)ရက် ဖြစ်ကြောင်း သတင်းရရှိသည်။
iprd myeik

0 comments: